အိမ်ကြီးသခင်(၉)Uni

192 25 2
                                    

စိတ်လက်ကြည်နေသော အချိန်မို့ ကောင်းကင်တခွင်လုံးအုံ့မှိုင်းနေတာတောင် စနေ့စိတ်ထဲကြည်နူးနေသည်။
ပင်လယ်ပြင်ကိုဖြတ်သန်းလာသော လေတွေပင် ယခင်နှင့်မတူအေးမြလို့နေသည်။ လှိုင်းအနဲငယ်ထန်နေတာကြောင့် မကြာမီ မိုးသက်လေကျရောက်တော့မည်လို့ ခန့်မှန်းရသည်။ မြိတ်ကျွန်းစုနှင့် အက်ဒမန်ပင်လယ်သည် မုတ်သုန်လေက ပြည်မနှင့်စာလျှင်ဝင်ရောက်မှုစောသလို မိုးဥတုကလည်းအကုန်မြန်ပါသည်။ တခါတရံ မိုးဥတုမကုန်မီ ပြင်းထန်သော မုန်တိုင်းသုံးလေးလုံးခန့်ဝင်ရောက်လေ့ရှိသည်။ မုန်တိုင်းကိုမမှုသော်လည်း ယခုကတော့ ချက်ချင်းပင်အုံ့မှိုင်းလာသော ကောင်းကင်၊ ခက်ကြမ်းကြမ်းတိုက်ခတ်လာသော လေပြင်းနှင့် ပိုမိုခက်ထန်လာသော လှိုင်းလုံးများကြောင့် မုန်တိုင်းငယ်အဆင့်လောက်တော့လာမည်ထင်သည်။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရမည်။  ကမ်းစပ်တွင် စက်လှေများကြိုးချည်နေသော လူအုပ်ကို လှမ်းအော်လိုက်သည်။ဘွန်းမရှိတော့ အလုပ်လုပ်ရတာ သိပ်အဆင်မပြေ။

“ဟေ့ တစ်ယောက်လောက်လာဦး”

“ဟုတ်ကဲ့ အစ်ကို ဘာခိုင်းစရာရှိလို့လဲ”

“အရှေ့ကျွန်းမှာ ပစ္စည်းတွေပြင်ထားတာ အခြေအနေဘယ်လိုရှိလဲ”

“အားလုံးသိမ်းထားပြီးပါပြီ အစောင့်လေးငါးယောက်တော့ရှိပါတယ် ”

“ဂိုထောင်ထဲက ပစ္စည်းတွေကိုရော သိမ်းပြီးပြီလား”

“ဂိုထောင် အဲ့ ဟိုလေ သိမ်းထားမှာပါ”

“ဘာပြောတယ် သိမ်းထားမှာပါဆိုတာ မသေချာဘူးလား နေတော့
ငါကိုယ်တိုင်သွားကြည့်မယ်”

မရေရာမသေချာသည့် ကိစ္စများကို ကိုယ်တိုင်မျက်မြင်တွေ့ရပါမှ စိတ်ချတတ်သည့် အကျင့်ကြောင့် စနေကိုယ်တိုင် သွားကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ အရှေ့ကျွန်းမှာ ရှိနေသည့်ပစ္စည်းများသည် ယခုတခါ အရည်အသွေးကောင်းတာမို့ စျေးအတော်သင့်ရနိုင်သည်။ ဒီတခေါက် ဘယ်လိုနည်းနဲ့မှ ပစ္စည်းအရည်အသွေးထိခိုက်စေမည့်ကိစ္စမျိုးမဖြစ်အောင် ပစ္စည်းဆုံးရှုံးမှုမဖြစ်အောင် ဂရုစိုက်စိုက်မည်။ ဒါမှ စနေလိုအပ်သည့် ငွေ ပမာဏကိုမြန်မြန်ရှာနိုင်မည်။ ဟုတ်တယ် စနေအတွက်အခုအလိုအပ်ဆုံးက ငွေပါ ။ ပမာဏအားဖြင့် အတော်များသည့် ငွေကို သူဘယ်ကနေရရ ရမှဖြစ်မှာမို့ ဒီပစ္စည်းတွေကို ဂရုစိုက်ရမည်။
ကျွန်းကနေထွက်လာကတည်းက လေအနည်းငယ်ထန်နေပြီး သူ့ရဲ့မော်တော်ဘုတ်ကလေးမှာ လှိုင်းတွေကြားထဲ လူးလွန့်နေလေပြီ။ မိုးသက်မုန်တိုင်းကို မကြောက်ပါ။ လေပြင်းနှင့် လျှပ်စီး လှိုင်းတံပိုးနှင့် မိုးစက်တွေ ဆိုတာ သူ့အတွက်တော့ တကယ့် အဖော်မွန်တွေပါ။ မွေးကတည်းက ရင်းနှီးနေတဲ့ ငယ်ဖော်တွေလိုပါပဲ။

A Gypsy's Palace(Normal)Where stories live. Discover now