အိမ်ကြီးသခင်(၁၁)Uni

187 19 2
                                    

မြပြာကျွန်း၊စလင်းပြာစံအိမ်...
တိတ်ဆိတ်နေသော အိမ်ကြီး၏ အတွင်းပိုင်းသည် မီးရောင်လဲ့လဲ့သာရသောကြောင့် စိတ်ညစ်ညူးဖွယ်ကောင်းလှသည်။ အိမ်ကြီးရဲ့အလယ် ဧည့်ခန်းဆောင်မှာ ထိုင်နေကြသူ လူကြီးလူကောင်းတို့သည်လည်း တွေဝေခြင်း၊ စိတ်မကောင်းခြင်းမျိုးစုံရောသော မျက်နှာအမူအရာများဖြင့်သာ သက်ပြင်းသက်မချလျှက်ရှိနေသည်။ မကြာမီပင် မိုးကြိုးလျှပ်စီးသံနှင့်အတူ အိမ်ကြီး၏ တံခါးမကြီးမှာ ပွင့်လျှက်သားဖြစ်သွားသည်။ အားလုံးရဲ့အကြည့်က တည်ငြိမ်စွာဝင်လာသော လူထံသို့။ ထိုသူ၏ မျက်နှာသွင်ပြင်ကို ပြတ်သားစွာမမြင်ရသော်လည်း ဟန်ပန်မှာမူ ထည်ဝါ၍ မည်သူ့ကိုမှ အလေးဂရုမပြု ပိုင်စိုးပိုင်နင်းရှိလှသည်။ထိုင်နေကြသူ အားလုံးကို ကျော်ဖြတ်ပြီး စားပွဲထိပ်ရှိ ကုလားထိုင်ကြီးတွင် မာန်အပြည့်နှင့် ဝင်ထိုင်လိုက်သည်။ ခပ်ငိုက်ငိုက်ဆောင်းထားသော သံပုရာခွံသိုးမွှေးဦးထုပ်ကို ချွတ်လိုက်သောအခါ တည်ကြည်သောမျက်နှာထားသည် အနည်းငယ် ညို့မှိုင်းနေကြောင်း ပေါ်လွင်လာသည်။သူရဲ့ ညာဖက်တွင်ရှိနေသော ပုဂ္ဂိုလ်ကြီးတစ်ဦးသည် ရင်းနှီးသော နှုတ်ခွန်းဆက်စကားကို ဆိုလိုက်သည်။

"ဦးသန့်ရှင်းနိုင် နေကောင်းပါရဲ့လား "

"ကျွန်တော်ကောင်းပါတယ် ရှေ့နေကြီးရော ဘာဖြစ်သွားသေးလဲ "

"ကျွန်တော်တို့အားလုံး ကံကောင်းလို့ ဘာမှမဖြစ်ပါဘူး ...ဒါပေမဲ့ "

"ကျွန်တော်သိပါတယ်....ဒါကြောင့်ပြန်လာခဲ့တာပါ...အားလုံးပဲ ကျွန်တော်ကြောင့်ဒုက္ခများသွားပြီ...တောင်းပန်ပါတယ် "

သန့်ရှင်းနိုင်ရဲ့ စကားအဆုံးမှာ အားလုံးကလည်း အဆင်ပြေကြောင်းပြန်ပြောကြသည်။ ဒါပေါ့...သူတို့ရဲ့ ဒုက္ခများသည် သန့်ရှင်းနိုင်ပေးသော အဖိုးအခနှင့်စာလျှင် မပြောပလောက်ပါ။ သန့်ရှင်းနိုင်သည် ဘယ်လိုဘယ်ပုံနှင့် သူတို့ရှေ့သို့ ပြန်ရောက်လာသည်ကို မသိရသော်လည်း အင်မတန်မှ ဝမ်းသာနေကြတာတော့အမှန်ပါ။ စလင်းပြာစံအိမ်နှင့် မြပြာကျွန်းပိုင် ပုလဲလုပ်ငန်းများ ရေလုပ်ငန်းများ သည် ပိုင်ရှင်အသစ်လက်ထဲတွင် လျော့ပါးလာရမည့်ဘေးမှ လွတ်နိုင်ပြီလေ။ သူတို့ ဒီနေ့ည စုဝေးနေရခြင်းသည်လည်း ပျောက်ဆုံးနေသော ထိုပိုင်ရှင်အသစ်ကို ရှာဖွေဖို့ပါ။

A Gypsy's Palace(Normal)Where stories live. Discover now