|| 4 ||

4.4K 889 4
                                    

{Unicode}

ယွဲ့လောင် စိတ်မချမ်းမမြေ့ ဖြစ်နေရသည်။ ပန်းနတ်ဘုရားငယ်လေးက သူ့ရဲ့ သန့်ရှင်းဖြူစင်တဲ့ စိတ်ဝိညာဉ်ရိုင်းလေးကို အမည်းစက်ထင်စေလိုက်သလို သူ ခံစားရသည်။
"မင်းက ဧကရာဇ်ကြီးကို top ချင်တာလား။"

"မဟုတ်ပါဘူး။"
ပန်းနတ်ဘုရားငယ်လေးက အမှန်ပြင်ပေးသည်။
"ကျွန်တော်က သူ top တာ ခံချင်တာ။"

ယွဲ့လောင် : "..... ငါ့ကို ခေါင်းကိုင်ဖခင်လို့ ထပ်မခေါ်နဲ့တော့။ ငါ စိတ်ငြိမ်ဖို့ လိုအပ်နေပြီ။"

"အရမ်း နောက်ကျသွားပြီ။"
ပန်းနတ်ဘုရားငယ်လေးက ဘာမှမသိသလို ဖြူဖြူစင်စင် ပြုံးပြလာသည်။ ရေနွေးကြမ်း သယ်လာတဲ့ ပန်းနတ်ဘုရားဆီကို ခုန်ပေါက်သွားပြီး ရေနွေးအိုးကို ယူလေသည်။
"အဖေ... ကျွန်တော် ယွဲ့လောင်ရဲ့အိမ်မှာ ရက်နည်းနည်းလောက် သွားနေချင်တယ်။"

ပန်းနတ်ဘုရားကတော့ ထူးဆန်းသလို ခံစားနေရသည်။
"ငါတို့အိမ်ကနေ အဲ့ဒီ့ကို ရောက်ဖို့ (၂)နာရီပဲ ပျံသွားရမှာလေ။ ဘာလို့ သူနဲ့အတူတူ နေဖို့ လိုအပ်တာတုန်း။"

ပန်းနတ်ဘုရားငယ်လေးက ယွဲ့လောင်ကို ကျောပေးထားရင်း အသံ တိုးတိုးနဲ့ ပြောသည်။
"ဘိုးဘိုးယွဲ့လောင်က ဧကရာဇ်ကြောင့် အရမ်း ဒေါသထွက်နေတယ်လေ၊ ခုနကပဲ ကျွန်တော့်ဆီ ငိုယိုပြီး မကျေမနပ်ပြောနေတာ။ သူက အသက်လည်း ကြီးနေပြီ၊ သူ့ကို ဂရုစိုက်ပေးမဲ့သူလည်း ဘယ်သူမှမရှိဘူးလေ။ ကျွန်တော် ရက်နည်းနည်းလောက် သူ့ကို အဖော်ပြုပေးပြီး စကားပြောပေးမလို့။"

ယွဲ့လောင်လည်း ပန်းနတ်ဘုရားရဲ့ အလွန်တရာ စိုးရိမ်နေတဲ့ အကြည့်ကို မြင်လိုက်ရပေမဲ့ နောက်ဆုံးတွင်မူ သူ ခေါင်းညိတ်နေဆဲ ဖြစ်ပြီး ပန်းနတ်ဘုရားငယ်လေးနောက်သာလိုက်ပြီး မီးစဉ်ကြည့်ကနေလိုက်သည်။
"ဧကရာဇ်ရဲ့ကိစ္စကို မင်း အရမ်းကြီး စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး။ လူ့ပြည်မှာလည်း မကြာခင် ပန်းတွေပွင့်တဲ့ရာသီ ရောက်လာတော့မယ်။ ငါ့မှာလည်း ပန်းပွင့်ဝေရာသီအတွက် စီစဉ်စရာတွေ ရှိနေတာကြောင့် ဒီလတော့ အိမ်ပြန်လာဖြစ်မှာ မဟုတ်ဘူး။ ငါ့သား မင်းနဲ့အတူနေတော့ အဆင်ပြေသွားတာပေါ့။"

ပန်းနတ်ဘုရားငယ်နှင့် ဧကရာဇ်အရှင် {မြန်မာဘာသာပြန်}Where stories live. Discover now