|| 10 ||

3.8K 778 10
                                    

{Unicode}

သူ့နောက် လိုက်နေတဲ့ လျိုကျန်းယွင်ရဲ့ စိတ်အားထက်သန်မှုနဲ့ ပတ်သက်လို့ ပိုင်ရှီ့ အရမ်းကို စိတ်တွေ ရှုပ်ထွေးနေရသည်။ သူက အတော်အသင့် အေးစက်တဲ့သူဆိုတာ သူသိသည်။ မိတ်ဆွေတစ်ယောက် လာလည်ပြီး တစ်ဖက်က စကား(၁၀)ခွန်းပြောရင်တောင် သူက မလိုအပ်ရင် တစ်ခွန်းပြန်ပြောတာ မဟုတ်ပေ။ ဒါ့ကြောင့် သူ့မိတ်ဆွေတွေဆိုရင် သူက ပျင်းစရာကောင်းတယ်လို့ဆိုတာ သူ့ဆီ သိပ်ပြီး လာမလည်ကြချေ။

ဟုတ်တယ်... ပျင်းစရာကြီး...။
အခုခေတ်မှာ ကလပ်တက်တာတွေ ၊ ဂိမ်းဆော့တာတွေက ရေပန်းစားတယ်ဆိုတာ သူ ကြားဖူးသည်။ ဒါပေမဲ့ သူကတော့ ဓားရေးစကားနေဆဲ၊ စာအုပ်တွေသာ ဖတ်နေဆဲ ဖြစ်သည်။ သူ့ရဲ့ တင်းကျပ်တဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ လုံးဝကို ပျော်စရာ မရှိပေ။

ဒါပေမဲ့ လျိုကျန်းယွင်ကတော့ ဒီကို ရောက်နေတာ လဝက်ရှိပြီ ဖြစ်သည်။ သူက သူ့ကိုယ်သူ ဖျော်ဖြေနိုင်စွမ်း ရှိတာကြောင့် နေ့တိုင်း မပျင်းမရိပင်။ ပိုင်ရှီ့ရဲ့ ဓားရေးစွမ်းရည်အတွက် အလဲအလှယ်အနေနဲ့ သူ့ရဲ့ဟင်းချက်စွမ်းရည်ကိုလည်း ကြွားဝါသေးသည်။ သူက အသက်ငယ်သေးတာကြောင့်လည်း ဖြစ်နိုင်သည်။

တွေးနေရင်း ပိုင်ရှီ့ အိပ်ခန်းထဲ ပြန်ဝင်သွားလိုက်သည်။ လျိုကျန်းယွင်က သူ့အိပ်ရာပေါ်မှာ အိပ်နေဆဲဖြစ်ပေမဲ့ အခုတော့ သူ ဒါကို ကျင့်သားရနေပြီ ဖြစ်သည်။ သူ့ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး အိပ်ရာပေါ်တက်ကာ လျိုကျန်းယွင် နိုးလာမဲ့အချိန်ကို စောင့်နေလိုက်သည်။

ပန်းနတ်ဘုရားငယ်လေး အရမ်းကို စိတ်လှုပ်ရှားနေသည်။
အရမ်းကို စိတ်လှုပ်ရှားနေတယ်...!
သူ့နှလုံးသား တည်ငြိမ်သွားတာနဲ့ လျိုကျန်းယွင်က လှိမ့်ပြီး ထလိုက်သည်။

ပိုင်ရှီ့ တစ်ကိုယ်လုံး မီးလောင်ပြာကျတော့မတတ် ပူလောင်သွားရသည်။ သူ့ရင်ဘတ်ကို ဖိလိုက်ပြီး အံကြိတ်ကာ
"မင်း အဝတ်အစားတွေ ဘယ်မှာလဲ။"

လျိုကျန်းယွင်က တီးတိုးဆိုသည်။
"မရှိဘူးလေ။"

"မင်း...!"
ပိုင်ရှီ့ တန့်သွားသည်။
"ငါ့ အိပ်ရာပေါ်က ဆင်း။"

ပန်းနတ်ဘုရားငယ်နှင့် ဧကရာဇ်အရှင် {မြန်မာဘာသာပြန်}Where stories live. Discover now