|| 9 ||

3.8K 771 1
                                    

{Unicode}

လျိုကျန်းယွင်က ပိုင်ရှီ့ရဲ့ အိမ်မှာ ရက်အနည်းငယ် နေခဲ့ပြီး ထိုနေရာမှာ ပိုင်ရှီ့အတွက် ချက်ပြုတ်ရင်း၊ အိပ်ရာကို နွေးထွေးစေရင်း၊ နေ့တိုင်း ပန်းတွေ ဆက်သရင်း သူ့အချိန်တွေကို ကုန်ဆုံးခဲ့သည်။

ငါးရက်မြောက်နေ့ရဲ့ ညစာစားချိန်မှာ သူ ဧကရာဇ်ကို စိုက်ကြည့်နေသည်။
"ပိုင်ရှီ့... ခင်ဗျား လက်ထပ်ခွင့်တောင်းဖို့ ကျွန်တော့်အိမ်ကို ဘယ်တော့သွားမှာလဲ။"
ပိုင်ရှီ့က တည်တည်ငြိမ်ငြိမ်သာ စားသောက်နေပြီး ပြန်မဖြေပေ။

လျိုကျန်းယွင်ရဲ့ ကြီးမားဝိုင်းစက်တဲ့ မျက်လုံးတွေက ပိုင်ရှီ့ကို စိုက်ကြည့်နေသည်။ အခြားသူတွေက ပြောကြသည်၊ လျိုကျန်းယွင်ရဲ့ မျက်လုံးတွေက ကျားကွက်တစ်ခုလို နက်မှောင်နေကာ မြစ်ပြင်လို တည်ငြိမ်ပြီး ကြယ်ကလေးတွေလို တောက်ပနေသည် ဟူ၍ပင်။ ဒီဆွဲဆောင်မှုကို အပြည့်အဝ အသုံးချဖို့ သူ ဆုံးဖြတ်ထားသည်။ ပိုင်ရှီ့က ဒီလိုမျိုး စိုက်ကြည့်ခံရပြီးရင်တောင် ချုပ်တည်းထားနိုင်ဦးမယ်လို့ သူ မယုံကြည်ပေ။

ပိုင်ရှီ့က သက်ပြင်းချသည်။ အခုတလော သူ မကြာခဏဆိုသလို သက်ပြင်းချနေရသည်၊ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုဟာလည်း လျင်လျင်မြန်မြန်ပဲ ယိုယွင်းလာသည်။ သူ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မင်း အလုပ်ကြိုးစားဖို့ လိုသေးတယ်။"
ထို့နောက် ထထွက်သွားတော့သည်။

လျိုကျန်းယွင်က မေးစေ့ကို ကိုင်ရင်း စဉ်းစားသည်။
သူက ငါ့ကို အလုပ်ကြိုးစားပြီး မျှော်လင့်ချက်ထားဖို့ ပြောသွားတာပဲ...!
ဧကရာဇ်က ဒီငါးရက်အတွင်း ငါလုပ်ပေးထားတာတွေက မလုံလောက်သေးဘူးလို့ ဆိုလိုတာလား...။

ဒါကြောင့် ခြောက်ရက်မြောက်နေ့မှာ လျိုကျန်းယွင်က ပန်းပွင့်သုံးခိုင် ပို့ပေးပြီး မနက်ရော ညပါ ဖွင့်ဟဝန်ခံသည်။ သူ့ရဲ့ များပြားလှတဲ့ ဖွင့်ဟဝန်ခံချက်တွေနဲ့တောင်မှ ပိုင်ရှီ့က မလှုပ်သေးပေ။ လျိုကျန်းယွင် သွားတွေယားလာပြီး သူ့ရဲ့ ဖြားယောင်းသွေးဆောင်မှု နည်းပညာတွေကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်တော့သည်။


T.B.C


———————————————

{Zawgyi}

လ်ိဳက်န္းယြင္က ပိုင္ရွီ႕ရဲ႕ အိမ္မွာ ရက္အနည္းငယ္ ေနခဲ့ၿပီး ထိုေနရာမွာ ပိုင္ရွီ႕အတြက္ ခ်က္ျပဳတ္ရင္း၊ အိပ္ရာကို ေႏြးေထြးေစရင္း၊ ေန႔တိုင္း ပန္းေတြ ဆက္သရင္း သူ႔အခ်ိန္ေတြကို ကုန္ဆုံးခဲ့သည္။

ငါးရက္ေျမာက္ေန႔ရဲ႕ ညစာစားခ်ိန္မွာ သူ ဧကရာဇ္ကို စိုက္ၾကည့္ေနသည္။
"ပိုင္ရွီ႕... ခင္ဗ်ား လက္ထပ္ခြင့္ေတာင္းဖို႔ ကြၽန္ေတာ့္အိမ္ကို ဘယ္ေတာ့သြားမွာလဲ။"
ပိုင္ရွီ႕က တည္တည္ၿငိမ္ၿငိမ္သာ စားေသာက္ေနၿပီး ျပန္မေျဖေပ။

လ်ိဳက်န္းယြင္ရဲ႕ ႀကီးမားဝိုင္းစက္တဲ့ မ်က္လုံးေတြက ပိုင္ရွီ႕ကို စိုက္ၾကည့္ေနသည္။ အျခားသူေတြက ေျပာၾကသည္၊ လ်ိဳက်န္းယြင္ရဲ႕ မ်က္လုံးေတြက က်ားကြက္တစ္ခုလို နက္ေမွာင္ေနကာ ျမစ္ျပင္လို တည္ၿငိမ္ၿပီး ၾကယ္ကေလးေတြလို ေတာက္ပေနသည္ ဟူ၍ပင္။ ဒီဆြဲေဆာင္မႈကို အျပည့္အဝ အသုံးခ်ဖို႔ သူ ဆုံးျဖတ္ထားသည္။ ပိုင္ရွီ႕က ဒီလိုမ်ိဳး စိုက္ၾကည့္ခံရၿပီးရင္ေတာင္ ခ်ဳပ္တည္းထားႏိုင္ဦးမယ္လို႔ သူ မယုံၾကည္ေပ။

ပိုင္ရွီ႕က သက္ျပင္းခ်သည္။ အခုတေလာ သူ မၾကာခဏဆိုသလို သက္ျပင္းခ်ေနရသည္၊ သူ႔ရဲ႕ စိတ္ဓာတ္ႀကံ့ခိုင္မႈဟာလည္း လ်င္လ်င္ျမန္ျမန္ပဲ ယိုယြင္းလာသည္။ သူ ေပါ့ေပါ့ပါးပါး ေျပာလိုက္သည္။
"မင္း အလုပ္ႀကိဳးစားဖို႔ လိုေသးတယ္။"
ထို႔ေနာက္ ထထြက္သြားေတာ့သည္။

လ်ိဳက်န္းယြင္က ေမးေစ့ကို ကိုင္ရင္း စဥ္းစားသည္။
သူက ငါ့ကို အလုပ္ႀကိဳးစားၿပီး ေမွ်ာ္လင့္ခ်က္ထားဖို႔ ေျပာသြားတာပဲ...!
ဧကရာဇ္က ဒီငါးရက္အတြင္း ငါလုပ္ေပးထားတာေတြက မလုံေလာက္ေသးဘူးလို႔ ဆိုလိုတာလား...။

ဒါေၾကာင့္ ေျခာက္ရက္ေျမာက္ေန႔မွာ လ်ိဳက်န္းယြင္က ပန္းပြင့္သုံးခိုင္ ပို႔ေပးၿပီး မနက္ေရာ ညပါ ဖြင့္ဟဝန္ခံသည္။ သူ႔ရဲ႕ မ်ားျပားလွတဲ့ ဖြင့္ဟဝန္ခံခ်က္ေတြနဲ႔ေတာင္မွ ပိုင္ရွီ႕က မလႈပ္ေသးေပ။ လ်ိဳက်န္းယြင္ သြားေတြယားလာၿပီး သူ႔ရဲ႕ ျဖားေယာင္းေသြးေဆာင္မႈ နည္းပညာေတြကို ထုတ္သုံးဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။


T.B.C

ပန်းနတ်ဘုရားငယ်နှင့် ဧကရာဇ်အရှင် {မြန်မာဘာသာပြန်}Where stories live. Discover now