|| 6 ||

4.3K 891 2
                                    

{Unicode}

ပန်းနတ်ဘုရားငယ်လေးရဲ့ အတွေးတွေကတော့ ဒီလိုပင် : ပိုင်ရှီ့က အသက် ထောင်ချီနေပြီကို ဘာလို့ single ဖြစ်နေရသေးတာလဲ...။ သိသိသာသာကိုပဲ သူက EQ နိမ့်ပြီး ဖြောင့်မတ်တဲ့လူကြီးမို့လို့ နေမယ်...။

ဖြောင့်မတ်တဲ့လူတစ်ယောက် အလင်းပွင့်လာဖို့က တော်တော်လေးကို ခက်ခဲသည်။ နောက်ထပ် နှစ်ပေါင်း (၁၀၀၀)လောက် ထပ်စောင့်ရင်တောင် သူက နားလည်လာဦးမှာ မဟုတ်ပေ။ ဒါကြောင့် ပန်းနတ်ဘုရားငယ်လေးက တဲ့တိုးသွားဖို့သာ ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။

ပိုင်ရှီ့အတွက်တော့ ဒီလို ပွင့်လင်းတဲ့လူတစ်ယောက်နဲ့ ပထမဆုံးအကြိမ် ဆုံဖူးခြင်းဖြစ်ပြီး သူ ရယ်ရမလား၊ ငိုရမလားတောင် မသိတော့ပေ။
"ငါ ဘယ်သူလဲဆိုတာ မင်း သိလား။"

"သိတာပေါ့၊ ခင်ဗျားက ဧကရာဇ်လေ။"
လျိုကျန်းယွင်က နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်ပြီး
"ကျွန်တော်က ပန်းနတ်ဘုရားငယ်လေးပါ၊ ခင်ဗျား ကျွန်တော့်ကို လျိုကျန်းယွင်လို့ ခေါ်လို့ရတယ်။"

ပိုင်ရှီ့က သူ့ခေါင်းကို ပွတ်သပ်လိုက်ပြီး
"မင်းက ငါ့ကို မကြောက်ဘူးလား။"

"ကျွန်တော်က ခင်ဗျားကို ဘာလို့ ကြောက်ရမှာလဲ။ ခင်ဗျားက ရုပ်ဆိုးနေတာလည်း မဟုတ်။"
လျိုကျန်းယွင်က နှင်းဆီပန်းတွေကိုသုံးကာ လက်စွပ်တစ်ကွင်း လုပ်လိုက်ပြီး
"ခင်ဗျားအတွက်။"

ပိုင်ရှီ့က လက်မခံချေ။
"ငါ ဇနီးတစ်ယောက်ကို လက်ထပ်ယူဖို့ အစီအစဉ် မရှိဘူး။"

"ကိစ္စမရှိပါဘူး။ ခင်ဗျား ကျွန်တော့်ကို လက်ထပ်လိုက်လို့ ရတယ်လေ။"

"..."
ပိုင်ရှီ့ အာစေးမိသွားသည်။
"ငါ မင်းကိုလည်း လက်ထပ်ဖို့ အစီအစဉ်မရှိဘူး။"

လျိုကျန်းယွင်က တစ်ခဏတော့ စဉ်းစားချင့်ချိန်နေပြီးမှ အံ့ဩဖွယ်ကောင်းစွာ တရားနည်းလမ်းတကျ (ပြီးတော့ အရှက်မရှိ) ပြောလေသည်။
"ခင်ဗျားက ကျွန်တော့်ကို ဘွဲ့နာမည်တစ်ခု မပေးဘဲ ခင်ဗျားနောက် လိုက်စေချင်ရင်လည်း ရပါတယ်၊ ခင်ဗျား ပြန်ရုပ်သိမ်းလို့တော့ မရဘူး!"

ပန်းနတ်ဘုရားငယ်နှင့် ဧကရာဇ်အရှင် {မြန်မာဘာသာပြန်}Where stories live. Discover now