|| 5 ||

4.3K 945 6
                                    

{Unicode}

လျိုကျန်းယွင်လို့ အမည်ရတဲ့ ပန်းနတ်ဘုရားငယ်လေးဟာ ဧကရာဇ်ရဲ့ နန်းတော်အပြင်ဘက်နားကို ပျံသန်းသွားပြီး သစ်ပင်တစ်ပင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်နေလေသည်။

မြေပြင်အခြေအနေကို လေ့လာစောင့်ကြည့်နေရင်း မက်မွန်သီးတစ်လုံးကိုလည်း ကိုက်ဝါးနေလေသည်။ နန်းတော်က တိတ်ဆိတ်နေပြီး လေးဘက်လေးရံလုံးမှာ ဝါးပင်တွေနဲ့ ကာရံထားသည်။ ဟိုးအလွန်မှာတော့ အဆုံးမရှိတဲ့ တောင်တန်းကြီး ရှိနေပြီး အိမ်နီးချင်းမရှိသလို နန်းတော်ထဲမှာလည်း အစေခံတွေ ရှိမနေပေ။ မျှော်လင့်ထားသလိုပင်... ဒဏ္ဍာရီတွေထဲမှာ ဆိုကြသလို... ဧကရာဇ်ကြီးက တစ်ယောက်တည်းနေရတာကိုသာ စင်စစ် နှစ်သက်သဘောကျလေသည်။

မက်မွန်သီး စားပြီးတဲ့အခါ လျိုကျန်းယွင်က မက်မွန်သီး အူတိုင်ကို နန်းတော်ထဲ လွှင့်ပစ်လိုက်ပြီး နောက်တစ်လုံးကို ထပ်ပြီး ကိုက်ဝါးနေပြန်သည်။ မက်မွန်သီး သုံးလုံးကို ဆက်တိုက် စားလိုက်ပြီး အူတိုင်သုံးခုလုံးကိုလည်း တူညီစွာသာ လွှင့်ပစ်သည်။

ဧကရာဇ်က အခန်းထဲမှာ စာဖတ်နေတာ ဖြစ်သည်။ နန်းတော်အပြင်ဘက်မှာ မက်မွန်သီးအူတိုင်တွေကို စည်းကိုက်ဝါးကိုက် လွှင့်ပစ်သံကို ကြားတဲ့အခါမှာလည်း ဒေါသမထွက်ဘဲ၊ ထို့အစား သစ်ပင်ကို သွားကြည့်ဖို့အတွက် အပြင်ထွက်လာသည်။ သစ်ပင်ပေါ်မှာတော့ အဖြူရောင် အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ လူငယ်လေးက ဆောင့်ကြောင့်ထိုင်နေရင်း သူ့ကို ကြည့်နေတာကို မြင်လိုက်ရသည်။ ပျော်ရွှင်မြူးထူးစွာနဲ့ လက်တွေကိုတောင် ဝေ့ယမ်းပြနေသေးသည်။

ဧကရာဇ်က တံမြက်စည်းတစ်ချောင်း ထုတ်လာကာ မက်မွန်သီးအူတိုင်တွေကို လှည်းကျင်းလိုက်ပြီး အဆောင်ထဲ ပြန်ဝင်သွားတော့သည်။

လျိုကျန်းယွင် မေးစေ့ကို ကိုင်ရင်း စဉ်းစားသည်။
အတင်းအဖျင်းတွေအတိုင်းပဲ... ဧကရာဇ်က တော်တော်လေး အသန့်ကြိုက်တယ်၊ ပြီးတော့ တခြားလူတွေနဲ့ ပတ်သက်ရမှာကို မကြိုက်ဘူး...။

လျိုကျန်းယွင်က မတ်တပ်ထရပ်ပြီး ကြက်ဟင်းခါးသီးအစေ့ (၅၀၀) ဂရမ်နဲ့ နှမ်းစေ့အထုပ်ကြီး တစ်ထုပ်ကို သူ့ကျောပိုးအိတ်ထဲကနေ ထုတ်ယူလေသည်။

ပန်းနတ်ဘုရားငယ်နှင့် ဧကရာဇ်အရှင် {မြန်မာဘာသာပြန်}Where stories live. Discover now