အခန်း◀၀၃▶

756 179 29
                                    

Sehun နဲ့စသိခဲ့တာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က……

အထက်တန်းနောက်ဆုံးနှစ်မှာ သူ့ကိုစပြီးမြင်ဖူးခဲ့သည်။Luhan နဲ့ သူက နေထိုင်တဲ့မြို့နယ်ချင်းမတူတာမို့ တက်ရတဲ့ကျောင်းချင်းလည်းမတူပါ။

ဆောင်းရာသီအားကစားပွဲအတွက် ကျောင်းက Club တွေ Training camp အသီးသီးသွားကြရတော့မှ သူနဲ့သိခဲ့ရတာ... Luhan တို့ basketball club ကသူတို့ကျောင်းမှာ Training camp သွားဆင်းခဲ့ရပါသည်။

အရင်နှစ်တွေက တစ်ခါမှအတူတူမကစားဖူးတာမို့ အသင်းနာမည်ကိုကြားဖူးပေမယ့် သူ့ကိုတော့ Luhan မသိပေ...ရောက်ရောက်ချင်း အသင်းတိုင်းကို မိတ်ဆက်ရတာမို့ သူ့နာမည် Oh Sehun ဆိုတာတော့သိသွားခဲ့သည်။သူက သူတို့အသင်းရဲ့ Captain....ပြီးတော့ နာမည်ကြီး.... ကျောင်းကလည်း သူတို့ကျောင်းမို့ ကစားပွဲမစသေးခင်မှာကို သူ့နာမည်ကိုအော်နေသံတွေက ဆူညံနေကာ တခြားလူတွေကိုသာ မမှတ်မိချင်နေမယ်....သူ့ကိုတော့ မမှတ်မိချင်လို့ကိုမရတော့ပါ...

စတွေ့ထဲက ချင်ချင်းပဲသတိထားမိရတဲ့အထိ လွင့်နေအောင်မြင့်တဲ့အရပ်ကြီးနဲ့ မျက်ခုံးထူမည်းမည်းတွေတန်းနေတာမို့ ဒီ Captain ကမျက်နှာတည်ကြီးနဲ့ပါလားလို့ ခပ်လန့်လန့်တွေးမိတာက အရမ်းကိုပဲမှားသွားခဲ့ပါသည်။ အားရပါးရပြုံးရယ်လိုက်တဲ့အခါကျမှမျက်လုံးလေးတွေက ဘယ်လိုမှန်းမသိ...ရီဝေရွှန်းလဲ့လာကာ လှစ်ကနဲပေါ်လာတတ်တဲ့သွားစွယ်ချွန်လေးနှစ်ဖက်ကြောင့် တအားနုငယ်သွားတဲ့မျက်နှာလေးက နဂိုနေနဲ့ဘာမှမဆိုင်တော့တာကို အံ့သြတကြီးနှစ်သက်ခဲ့မိရတာပါ...

သူကလည်း စကားသုံးခွန်းလောက်ပြောရင်နှစ်ခါလောက်က ရယ်ပြီးသား.... ရယ်ရင်ချောမှန်းသိလို့အမြဲရယ်နေတာပဲနေမှာလို့ အမြင်ကပ်စွာတွေးမိတဲ့ကြားကပဲ... သူရယ်မောလိုက်တိုင်း မရိုးနိုင်အောင်မှင်သက်ငေးမောမိရမြဲပါပဲ...

တစ်ယောက်ချင်းစီ မိတ်ဆက်ကြရကတည်းက လုံးဝအကြည့်မလွှဲတော့တဲ့ သူ့မျက်ဝန်းရွှန်းရွှန်းရီရီတွေကို ရင်ခုန်စွာ ကြိုက်လည်းအရမ်းကြိုက်ကာ  … မကြိုက်လည်းမကြိုက်ပေ …

Luhan လိုကောင်လေးကို သူအရမ်းလာကြည့်နေစရာဘာရှိလို့လဲ …

စတွေ့တွေ့ချင်းထဲက မျက်လုံးထဲမှာထင်းနေအောင် ရှင်းသန့်ချောမောလွန်းလို့ သူ့ကိုလိုက်ငေးကြည့်မိတာကို အထင်တသေးနဲ့ လှည့်စားကျီဆယ်ချင်တဲ့သဘောမျိုးနဲ့လား …

နှလုံးသားကငြင်းဆိုတယ် ||completed||Where stories live. Discover now