အခန်း◀၀၅▶

692 177 25
                                    

"ဟန်လေးက အရမ်းပြောရခက်တယ်ကွာ... ရှင်းပြဖို့မပြောနဲ့ မျက်နှာချင်းတောင်သေချာအဆိုင်မခံဘူး... သူ့အစ်ကိုဆီသွားသွားလည်နေရတာလည်း အားတောင်နာနေပြီ ... သူကလည်း ငါ့ကိုတွေ့တာနဲ့ ရှောင်ထွက်သွားတော့တာပဲ..."

အိပ်ယာပေါ်ကိုခြေပစ်လက်ပစ်လှဲချလိုက်ရင်း သူညည်းတွားနေတာကို Jino ကရှုံ့မဲ့မဲ့နားထောင်နေသည်။Sehunမှာကလည်း ရင်ဖွင့်စရာ သူတစ်ယောက်ပဲရှိသည်။ ဟန်လေးကိုစတွေ့ကတည်းက Jino နဲ့အတူတူ။ချစ်သူတွေဖြစ်ကြတော့လည်း Jino ပါရသည်။ဒီတော့ ဟန်လေးအကြောင်းညည်းညူတိုင်တည်ချင်ရင် သူ့ဆီပဲလာဖြစ်နေရလေသည်။

" ငါ့အမှားနဲ့ငါပါပဲလေလို့သည်းခံနေပေမယ့် တခါတလေကျတော့အရမ်းအူယားတယ်ကွာ... ဖမ်းပြီးကိုင်ကိုင်ဆောင့်ပစ်ချင်တယ်..."

" မင်းအမှားလို့လည်းပြောလို့မရပါဘူးကွာ... မင်းလည်းဘာမှတတ်နိုင်ခဲ့တာမှမဟုတ်ပဲ.."

" ငါဘာလုပ်ရမလဲ Jino ရာ ..ဟင်.."

"ဘာမှလုပ်မနေနဲ့ ဖမ်းချုပ်ပြီးကြိုးနဲ့တုပ် ကားတင်ပြေးကွာ... ဘယ်သူမှမလိုက်တတ်မယ့်နေရာ... သူလည်းမသိတဲ့နေရာကိုခေါ်သွား...ပြီးတော့အဲ့ဒီမှာမျက်နှာချင်းဆိုင်ပြီး ပြောချင်တာကိုအကြိုက်သာပြောပေတော့.... အဲ့ဒါမှလက်မခံသေးရင်ပြန်ကိုမပို့နဲ့ အဲ့ဒါဆိုရှင်းပြတာကိုလက်ခံခံ မခံခံ .. မင်းကိုတော့သူယူရတော့မှာပဲ ကိစ္စပြတ်ရော.."

Sehun ရယ်နေလိုက်ရသည်။Jino ကလူအေး.... လူကသာအေးတာ လက်ကယဉ်သည်။သူ့ဟာသူလည်း စကားများများမပြော... သူများတွေ စကားလာများနေရင်လည်းစိတ်ရှည်တာမဟုတ်။သူငယ်ချင်းတွေကိုတော့ အရမ်းအနွံအတာခံကာပေါင်းသည်။အခုလည်း Sehun ကသာ သူပြောသလို ဟန်လေးကိုသွားခိုးပေး ဆိုရင် တကယ်ကြိုးနဲ့တုပ်ပြီးဖမ်းချလာမယ့်ကောင်။ဒါကြောင့်ပဲ မာမားတို့သိပ်မကြိုက်တာကိုသိလျက် Jino ကိုခင်မင်စွာဆက်လက်ပေါင်းသင်းနေဖြစ်တာပါ။

Jino ကောသူကော တစ်နေရာစီကိုလွင့်သွားရတာမို့ တစ်နှစ်လောက်အဆက်အသွယ်ပြတ်သွားတာတောင် ပြန်ရောက်လာတာနဲ့ ချက်ချင်းပြန်ဆက်သွယ်ဖြစ်ခဲ့တာလဲ ဒီသူငယ်ချင်းကိုပါပဲ....

နှလုံးသားကငြင်းဆိုတယ် ||completed||Where stories live. Discover now