အခန်း◀၀၆▶

739 169 21
                                    

Library ရှေ့ သစ်ပင်ရိပ်အောက်မှာ ကားကိုထိုးရပ်လိုက်သည်။ကျောင်းချိန်တွေကုန်ပြီမို့ လမ်းမနဲ့ ကျောင်းဆောင်တွေပတ်ဝန်းကျင်မှာလူကရှင်းလင်းလို့နေသည်။

ဘေးခုံမှာချထားတဲ့ကျောပိုးအိတ်နဲ့ စာအုပ်တချို့ကိုလှမ်းယူကာဆင်းဖို့ပြင်လိုက်ရင်း မလှမ်းမကမ်းက မုန့်ဆိုင်ကလေးဆီ အကြည့်ကဖျတ်ကနဲရောက်သွားရ၏။

ထီးဖြူဖြူကလေးတွေနဲ့ ဆိုင်အရှေ့ကိုထုတ်ထားတဲ့ စားပွဲဝိုင်းတွေထဲက သုံးလေးဝိုင်းမှာလူတွေထိုင်နေကြသည်။

တံခါုးကိုဖွင့်ဖို့ရည်ရွယ်ရင်းကပင် တုံ့နှေးသွားမိကာ….စားပွဲတစ်ဝိုင်းဆီ ခပ်ငေးငေးလေးငိုင်ကြည့်နေမိရင်း သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင်ရှိုက်သွင်းမိသွားရလေသည်။

ဒီမျက်လုံးကလည်း … ဘာကြောင့်များ ဒါလောက်အဝေးကြီးကိုလှမ်းမြင်နိုင်နေရတာပါလိမ့်…. ခုတော့ စောစောကကြည်လင်နေသည့် စိတ်ကလေးကအနှောင့်အယှက်ဖြစ်သွားရပြီ…

Sehun ကတော့ သူ့ကိုမမြင်… ဘေးနားကလူနှစ်ယောက်နဲ့ပြုံးကာရယ်ကာ စကားပြောနေသည်။ဖြူဆွတ်ကာကြည်လင်လွန်းသောအသားအရေမှာ အပြာရောင်လွင်လွင် ရှပ်အကျီ င်္ပွပွကို လက်ကြယ်သီးတွေမတပ်ပဲ ဖားလျားချကာဝတ်ထားသောပုံစံက လွတ်လပ်ပေါ့ပါးနေသည်။စကားပြောရင်းဆံပင်တွေကို လက်နဲ့ထိုးဖွကာဖိသိပ်ထိုးလှန်တင်တတ်တဲ့အကျင့်ကလည်းမပျောက်သေးဘူးထင်ပါရဲ့၊

ထောင့်စွန်းလေးတွေပေါ်နေအောင် နှုတ်ခမ်းကိုဆွဲဆန့်ထားကာ ဘေးကတစ်ယောက်စကားပြောတာကို စိတ်ဝင်တစားနားထောင်နေတဲ့သူ့ကို ငေးရင်း ကားထဲကတော်တော်နဲ့မထွက်ဖြစ်။

ဒီနေ့သူကျောင်းလာသားပဲ…တစ်ပတ်ကိုတစ်ရက်နှစ်ရက်လောက်ပဲ ကျောင်းတက်တယ်ထင်ပါရဲ့… သူ့ကိုကျောင်းမှာသိပ်မတွေ့ရတာသတိထားမိနေသည်။

ကျောင်းချင်းအတူတူပဲဆိုတာ သူသိသွားတုန်းက အနောက်ကနေတကောက်ကောက်လိုက်နေတတ်ပေမယ့် Luhan ကမျက်နှာကျောကိုအမြဲတင်းထားကာ သူ့ကိုလုံးဝဂရုမစိုက်တဲ့ပုံဖမ်းထားတာမို့ အခုနောက်ပိုင်းမှာ အဝေးကပဲငေးနေတတ်တော့သည်။အတန်းထဲကိုလည်းမလာတော့ …. ။

နှလုံးသားကငြင်းဆိုတယ် ||completed||Where stories live. Discover now