🎄🎄Merry Christmas 🎄🎄

3.2K 154 0
                                    

Zawgyi

🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄
☃☃☃☃☃☃☃☃☃☃☃☃☃☃☃

အေးချမ်းလှတဲ့ဆောင်းရာသီဖြစ်သည်အလျောက်
နှင်းဟုမဆိုသာတဲ့ မြူလေးတွေက
နေရာအနှံ့ဖုံးအုပ်နေသည်....။

အိမ်ပြင်ထွက်လိုက်လျင် တံစပ်မြိတ်ကနေ နှင်းရည်စက်လေးတွေက တစ်တောက်တောက်နှင့်
စည်းချက်ကျစွာ ကျဆင်းနေသည်..။
ချမ်းအေးလှတဲ့လေအေးလေးနဲ့ အတူ
သစ်ရွက်​ကြွေသံလေးတွေကလဲ
ဆောင်းညကိုပို၍ အသက်ဝင်စေသည်..။

လမင်းကလဲထိန်ထိန်သာနေကာ ကြယ်ရောင်စုံ ကွပ်မြူးနေတဲ့ ကောင်းကင်ထက်က
မြူဆိုင်းအုံ့ တုံ့ တုံ့ လေးဟာလဲ
မြင်ရသူအဖို့ ရင်ကိုအေးချမ်းစေလှသည်...။

ဒါ့အပြင် ခရစ်စမတ်ဖြစ်သည်အလျောက်
အိမ်တွင်းမှာ ခရစ်စမတ်သစ်ပင်များကို
အလှဆင်ထားကြသေးသည်....။

ဘုရားကျောင်းတွေမှာလဲ ခရစ်စမတ်ပွဲတွေ
ကျင်းပနေကြကာ သီချင်းသံတွေ မြိုင်မြိုင်ဆိုင်ဆိုင်နှင့် တကယ်ပင် ပျော်စရာကောင်းလှသည်...။

လမ်းထဲက ကလေးတွေဟာလဲ
ပွဲတွေသွားဖို့ရန် ပြင်နေကြသည်..။
လမ်းမထက်ကလူအနည်းစုဟာလဲ
အပြင်ထွက်လည်ရန် စီစဉ်နေကြပြီး
လူအများစုကတော့ မိသားစုတွေနဲ့
အိမ်ထဲမှာနေရင်း နွေးထွေးတဲ့ အချိန်လေးကို
ဖြတ်သန်းဖို့ ပြင်ဆင်နေသည်...။

ခရစ်စမတ်သစ်ပင်လေးကို အလှဆင်နေကြသည့်
သာလိကာစုံတွဲလေးကလဲခုထိ သစ်ပင်လေးအား
အလှဆင်နေဆဲပင်....။

"ကိုကို ဒါက အဲ့အပေါ်မှာချိတ်ပါဆို...."

"Baby ခနကပြောတော့ အောက်မှာချိတ်ဆို"

"ဟာမသိဘူးကွာ အပေါ်မှာပြန်ချိတ်"

"ဟုတ်ပါပြီကွာ"

"ကိုကို "

"ဗျာ"

"မာန်တို့ကိုခေါ်ပြီးပြီလား အိမ်မှာ ဟော့ပေါ့နဲ့
အကင် စားပြီးသောက်မယ်လို့"

"ပြောပြီးခေါ်ထားပြီ လာနေပြီပြောတယ်"

"အင်း "

ထက်မြတ်ပိုင်က သျှားကို နောက်ကျောကနေ
သိုင်းဖက်လိုက်ကာ အနည်းငယ်ပေါ်နေတဲ့
လည်ဂုတ်လေးကို အနမ်းဖွဖွပေးလိုက်သည်..။

Heart-Blood(Z+U){COMPLETED}Where stories live. Discover now