Part-20

10K 349 0
                                    

Zawgyi

♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤

......................................................................

ဒီနေ့ကလေးငယ်ရဲ့ ဒယ်ဒီဆီမှာ
ကျွန်တော့်တို့နှစ်ယောက်လက်ထပ်ဖို့
ကလေးငယ်နဲ့သဘောတူပေးဖို့
ခွင့်တောင်းရန်အတွက် ကလေးငယ်
ဒယ်ဒီရဲ့အိမ်ဆီသို့ ထွက်လာခဲ့သည်..။

"ဟူး အန်ကယ်ဆီမှာ Baby ကိုတောင်းရမှာ
ရင်တုန်လိုက်တာ "

"ကိုကိုရင်တုန်ရင် Baby လက်သာဆုတ်ကိုင်ထား
Baby ကိုကို့လက်ကို အမြဲဆုတ်ကိုင်ထားပေး
မှာမလို့..."

"အင်းပါ ကလေးရယ် ကဲ အားဆေးလေးတော့ပေး.."

ကိုကိုကပြောရင်းဆိုရင်း နှုတ်ခမ်းဆူပေးလာတာမို့
ကိုကို့နှုတ်ခမ်းထက် အနမ်းလေးပေးလိုက်သည်..။

"ရပြီလား.."

"အင်း ခုမှအားပြည့်သွားတော့တယ်.."

ဒီလိုနဲ့ပဲ ရင်တုန်စွာ ဒယ်ဒီအိမ်ထွက်လာခဲ့သည်..။
ဒယ်ဒီ သဘောတူလောက်မှာသိပေမယ့်
လက်ထပ်ခွင့်သွားတောင်းကြမှာဆိုတဲ့အသိကြောင့်
အနည်းငယ်တော့ စိတ်လှုပ်ရှားနေသည်..။

ယောကျာ်းလေးနှစ်ယောက် လက်ထပ်မှာကိုရော
ဒယ်ဒီလက်ခံပါ့မလားတော့တွေးမိသည်..။
လိင်တူချစ်သူထားတာ ဘာမှမဖြစ်လောက်ပေမယ့်
လက်ထပ်မှာကိုတော့ သဘောတူလေမလား..။
ဒယ်ဒီသဘောမတူလဲ ကိုကိုနဲ့
လက်ထပ်မှာမလို့် စိတ်ပူစရာမရှိပေမယ့်လဲ
မိဘဖြစ်တဲ့ ဒယ်ဒီရဲ့ သဘောတူညီမှုတော့
လိုချင်သေးသည်...။

ဘာလိုလိုနဲ့ ရင်တမမနဲ့ပဲ ဒယ်ဒီ့ခြံရှေ့သို့
ရောက်ရှိလာချေပြီ..။
ခြံစောင့်ကကျွန်တော်မှန်းသိသည်နှင့်
အလျင်အမြန်တံခါးဖွင့်ပေးကာခြံထဲ
ဝင်စေသည်။

ခြံဝန်းကအလွန်ကျယ်သည်မို့
အိမ်ရှေ့ထိရောက်အောင်ကားဖြင့်
သွားလိုက်သည်...။
အိမ်ရှေ့ရောက်တော့ ကိုကိုက
ကားတံခါးလာဖွင့်ပေးကာလက်ကမ်းပေး
လာသည်..။
ထို့ကြောင့်ကမ်းပေးလာသည့်ကိုကို့လက်ကို
ဆုတ်ကိုင်ကာ ကား​ပေါ်မှဆင်းလာလိုက်သည်။

"သခင်လေး...အလည်တာလား"

"အင်း..ဒယ်ဒီရော.."

Heart-Blood(Z+U){COMPLETED}Where stories live. Discover now