Part-17🔞

19.7K 409 8
                                    

Zawgyi

♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤

Warning..ပါနော်🔞🔞
အသုံးအနှုန်းတွေရိုင်းသွားရင်...Sorryပါ
ကိုယ့်+လေးကမကြမ်းဘူးဆိုလို့အတတ်နိုင်ဆုံးတော့ကြိုးစားပြီးကြမ်းပေးထားပါတယ်
Don't bash me

......................................................................

ချစ်ရသူရဲ့ ရင်ခွင်ထဲကနေ နိုးထခွင့်ရတဲ့
မနက်ခင်းလောက်သာယာတာမရှိ...။

အိပ်ယာထက်က ကောင်လေးနှစ်ယောက်ရဲ့
ကိုယ်ပေါ်လွှားထားတဲ့ စောင်ပါးလေးဟာ
ခြေရင်းနားပုံလို့...။

ဟော ပြောရင်းဆိုရင်း ကလေးငယ်
နိုးလာပြီထင်ပါရဲ့...အရင်တွေလို
မဟုတ်ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ထားသည်မို့
မျက်နှာလေးက အနည်းငယ်ပြည့်နေသယောင်..။

ခပ်လှုပ်လှုပ်မျက်ခွံလေးက နိုးထမည့်ဟန်
လှုပ်လှုပ်ရှားရှားရယ်..။

ကလေးငယ်နိုးနိုးအရင်ဆုံး သတိရမိသည်က..
ချစ်ရသူကို...မနေ့ညကဖြစ်ပျက်သမျှဟာ
အိမ်မက်တွေလား...ခုမနက်မှာများ ပျောက်
ကွယ်သွားမလား ဆိုတဲ့အတွေးနဲ့အတူ
ကလေးငယ်မနိုးလာရဲသေး..။

ကလေးငယ်ရဲ့လက်နဲ့ထိမိထားတဲ့
ခန္ဓာကိုယ်လေးကို ဖြည်းဖြည်းချင်း
စမ်းကြည့်မိနေတယ်..။

အနည်းငယ် စိတ်နဲ့ဆန်းစစ်ပြီးမှ
မျက်လုံးနဲ့ ဆန်းစစ်ဖို့အတွက် မျက်ဝန်းလေးတွေကို မရဲတရဲ ဖွင့်လိုက်မိသည်..။

ကလေးငယ်ရဲ့ဘေးမှာ အိပ်ပျော်နေတဲ့
ချစ်ရသူကိုတွေ့လိုက်ရမှ စိတ်အေးသွားပုံရသည်..။

တော်သေးတာပေါ့ဗျာ...အရင်အိမ်မက်တွေ
ထဲကလို ကိုကို မပျောက်ကွယ်သွားလို့...။

ခုထက်ထိနိုးဦးမည့်ဟန်မတူတဲ့
ကိုကို့ ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းဆီကို
လက်ညိုးလေးနှင့်အသာတိုထိနေလိုက်သည်..။

ကျွန်တော့်ကိုကိုက နတ်သားလေးဗျ..
ဘယ်သူနဲ့မှမတူအောင်ကို ချောမောလွန်းတာ..။

"ကလေး..နိုးပြီလား.."

"Baby ကြောင့်နိုးသွားတာလား..."

"မဟုတ်ပါဘူးကွာ...
ကိုယ်လဲခုလေးပဲနိုးတာ.."

"ပျော်လိုက်တာ...ကိုကို Baby နားရှိနေတာက
အိမ်မက်မဟုတ်ဘူးပဲ"

Heart-Blood(Z+U){COMPLETED}Where stories live. Discover now