Part-11

7.7K 388 8
                                    

Zawgyi

♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤

......................................................................

ုအကုန်လုံးကတအံတသြကြည့်နေကြချိန်မှာ
မီးဟုန်းဟုန်းတောက်နေတဲ့ အကြည့်တွေနဲ့အတူ
မိုးထက်သာ စကားဆိုလိုက်သည်..။

"မင်းတို့တွေသူ့ကိုလက်ဖျားနဲ့တောင်မထိကြနဲ့"

ပြောရင်းဆိုရင်းရဲရင့်မာန်အားဆွဲထူလိုက်ကာ
လက်ကိုဆွဲပြီးအပြင်ခေါ်ထုတ်လာလိုက်သည်။
အကန်ခံထားရတာမို့ ခန္ဓာကိုယ်က
အနည်းငယ်နာကျင်နေပေမယ့် မိုးထက်သာ
ဆွဲခေါ်ရာသို့ ယိုင်နဲ့နဲ့ နှင့် ပါလာခဲ့သည်..။

အကြောင်းအရင်းတစ်စုံတစ်ရာကို
မသိပေမယ့် အထဲကလူတွေနဲ့
သိနေတဲ့ မိုးထက်သာကို မယုံကြည်မိတာအမှန်..။

ဒီလိုတွေဖြစ်အောင် စေခိုင်း ကြိုးကိုင်
သူဟာသူများလား...။

ဆိုင်အပြင်ရောက်တာနဲ့ ဆွဲထားတဲ့ မိုးထက်သာရဲ့
လက်ကို ခါချလိုက်ပြီး စိတ်ကမထင်ဘဲ
သွေးပူနေတာမို့ တစ်ချက်ထိုးလိုက်မိသည်..။

"ဒီမှာကိုမိုးထက်သာ...ခများလား..ကုမ္ပဏီ..
ကမောက်ကမဖြစ်အောင်လုပ်တာ"

ရဲရင့်မာန်ရဲ့ လက်စကြောင့် အနည်းငယ်
ယိုင်သွားပေမယ့် သူ့မျက်လုံးတို့အား
တည့်တည့်ကြည့်လိုက်သည်...။

"ကိုယ်မလုပ်ဘူး..ကိုယ်မင်းကိုတွေ့လို့မင်းနောက်လိုက်လာရင်း..မင်းကိုသူတို့ အုပ်စုဖွဲ့ပြီး
အနိုင်ကျင့်နေလို့ ကယ်ထုတ်ပေးရုံပဲ..
ဟက် ကျေးဇူးကို လက်သီးနဲ့ဆပ်လိုက်တာပဲ
ကောင်လေး.."

ကိုယ်မင်းကိုမညာချင်ဘူးမာန်လေး။
ဒါပေမဲ့ကိုယ့်ရည်ရွယ်ချက်တွေမပြည့်ဝမချင်း
တော့ကိုယ်မင်းကို ဆက်လိမ်နေဦးမှာပဲ...။

"ဒါဆို..ကျွန်တော်တို့ပြောတာခများမကြားဘူးလို့တော့..ပြောင်မလိမ်လောက်ဘူးမလား"

"Okပါ..ကိုယ်ကြားတယ်..ကိုယ်မင်းတို့ကိုကူညီမယ်ဆိုရင်ရော"

"ခများက...ဘယ်လိုကူညီမှာလဲ"

"မင်းတို့ကုမ္ပဏီမှာကိုယ်အမြင့်ဆုံး ရှယ်ယာဝင်မယ် ဒါဆိုရင်ရော ကိုယ့်ကိုယုံမလား.."

Heart-Blood(Z+U){COMPLETED}Where stories live. Discover now