Part-6🔞

23.3K 543 13
                                    

Zawgyi

warning🔞🔞🔞🔞

♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤

ပိုင်ဆိုင်​ရမှအချစ်​မဟုတ်​သလို
ရယူခြင်းကလဲအချစ်​မမည်​ပါဘူး....
အချစ်​ဆိုတာချစ်​​နေရရုံ​လေးနဲ့
လုံ​လောက်​ပါတယ်​❤
"မာန်"

.....................................................................

(xxx)Club ရဲ့VVIP Room မှာ
Birthday Party တစ်​ခုကျင်းပ​နေသည်။
လူငယ်တစ်ဦးရဲ့မွေးနေ့ဖြစ်အလျှောက်
ပျော်စရာတွေချည်းသာ...။
မီးရောင်စုံမှာ ကခုန်နေကြသူတွေရှိသည်..။
သောက်စားပျော်ပါးနေသည်များလဲရှိသည်..။

တစ်ခြားဖက် လူကြီးဝိုင်းမှာတော့
သက်ကြီးပိုင်းတွေစုက စကားလက်ဆုံကျနေမည်
ထင်ပါရဲ့...။

လူကြီးဝိုင်းမှာ သူသွားထိုင်လို့ရပေမယ့် ခုချိန်အလုပ်တွေနဲ့ ပက်သက်တာ စိတ်ထဲမထည့်ထားချင်တာကြောင့်
လူငယ်တွေကျင်းပနေတဲ့ အခန်းမှာသာ
အေးဆေးတစ်ယောက်ထဲနေလိုက်သည်..။

နဂိုထဲကဒီလိုအရည်မရအဖတ်မရပါတီမှာ
အချိန်လာဖြုန်းနေရတာလောက်
စိတ်ရှုပ်စရာကောင်းတာမရှိ..။
ဒါကြောင့်စားပွဲဝိုင်း၏
ထောင့်​အကျဆုံး​နေရာကိုရွေးထိုင်ပြီး
တစ်ယောက်ထဲ ဝိုင်သောက်နေလိုက်သည်။

တကယ်​ဆိုသူဒီလို​နေရာ​တွေမလာချင်..။
ကုမ္ပဏီမှာရှယ်​ယာအများဆုံးမဟုတ်
သော်​လည်းအကူအညီ​တွေ​ပေးခဲ့ဖူးသူ
တစ်​​ယောက်​၏ဖိတ်​ကြားချက်​​ကြောင့်​သာ
လာ​ရောက်ခြင်းဖြစ်သည်..။
သူ့သမီး၏​မွေး​နေ့ကိုဆက်​ဆက်​လာခဲ့ရန်​တကူးတက​လာ​ပြောသွားတာမို့
လူကြီးလူကောင်းတစ်ယောက်အနေနဲ့
မငြင်းပယ်နိုင်တာကြောင့် လာခဲ့ခြင်းသာ..။

"အကို "

အေးအေးဆေးဆေးနဲ့မျက်လုံးတို့ကို
မှိတ်ကာ နှစ်ချို့ဝိုင်အရသာအား
မြည်းစမ်းနေခိုက် ကြားလိုက်ရတဲ့
အသံဟာ ဝိုင်အရသာပါပျက်စေသည်..။

ရုံးပတီသီး ကိုမှသကာ​ရေ​​လောင်းထားသည့်
အသံနှင့်ချွဲပစ်​​နေ​အောင်​​ပြော​နေ​​သော
မွေး​နေ့ရှင်​မ​လေး၏အသံမှာကိုယ့်​အတွက်​​တော့မချိုမြိန်​ နားဝင်ခါးလှသည်​။

Heart-Blood(Z+U){COMPLETED}Where stories live. Discover now