Part-5

12.5K 537 1
                                    

Zawgyi

♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤

.....................................................................

မနက်စောစောမှာတင်
အကိုဖြစ်​သူကဖုန်းဆက်လာတာကြောင့်
ကလေးငယ်အလုပ်သွားပြီးတာနဲ့
သူပါထွက်လာခဲ့သည်..။

ဖုန်းဆက်ပြီး အကိုဖြစ်သူရှိရာအိမ်သို့လာခဲ့ရန်
ပြောလာသဖြင့်​အကို​ဖြစ်သူေ​န​သောအိမ်​သို့
ကား​မောင်း၍ထွက်​လာခဲ့သည်​။

ဘာကြောင့်​ခေါ်လဲဆိုတာလဲ
သ​ဘော​ပေါက်​ပါသည်​။သဘက်​ခါကျ​ရောက်​လာမည့်​နှစ်​ပတ်​လည်​အတွက်​သာ။

ကား​​မောင်း​နေရင်းအိမ်​သို့လာရာလမ်းမှာ
ထက်မြတ်ပိုင်​၏အ​တွေးတချို့က...

အတိတ်​​နေ့ရက်​များဆီသို့......
လွန်​ခဲ့​သော၎နှစ်​ခန့်​က...

🔙🔙🔙🔙🔙🔙🔙......

အဲ့အချိန်​​လောက်က​ကျွန်​​တော့်​အသက်​21
ပဲရှိပါ​သေးတယ်​...အိမ်​မှာ​မေ​မေနဲ့
ဖေ​ဖေကအမြဲလိုလိုရန်​ဖြစ်​ကြတယ်​..။
ပိုက်​ဆံရှိလို့အရာရာအဆင်​​ပြေ​နေပြီမထင်​ပါနဲ့။ပိုက်​ဆံ​ကြောင့်​ဒုက္ခ​ရောက်​ရတာအများကြီးပါ။

ဖေ​ဖေက​မေ​မေကိုအ​ကြွေးနဲ့သိမ်းလာခဲ့တာ..
ဒါမဲ့​မေ​မေကရ​အောင်​ဆပ်​မယ်​ဆိုတာကို
ဖေ​ဖေက..လက်​မခံဘဲအတင်းလက်​ထပ်​ခဲ့တယ်​​လေ။ဘာ​​ကြောင့်​လဲဆို​တော့​မေ​မေ့မှာက
ချစ်​သူရှိတယ်​​။ဖေ​ဖေက​မေ​မေ့ကိုမြင်​မြင်​ချင်း
ချစ်​မိသွားလို့အတင်းလက်​ထပ်​ခဲ့တာ။
ဖေ​ဖေ့နာမည်​ကဦးခန့်​​ပိုင်ေ​မ​မေ့နာမည်​က
ဒေါ်မြတ်​သီရိ။

ဖေဖေနဲ့မေမေကအမြဲလိုလိုရန်​ဖြစ်​ကြ​ပေမယ့်
ဖေ​ဖေကအမြဲအ​လျော့​ပေးပါတယ်​။
တ​နေ့ကျ​တော့​မေ​မေ့ကို
ဖေ​ဖေကဖောက်ပြန်တယ်လို့စွပ်စွဲလာတယ်..။

"မြတ်​..မင်းကိုယ့်​ကိုထားပြီးမင်းရဲ့
ငယ်​ချစ်​​ဟောင်းနဲ့ပြန်​ဆက်​သွယ်​ချင်​​နေတာလား..."

"ဒီမှာ ဦးခန့်​ပိုင် ​ကျွန်​မကိုမဟုတ်​တာ
လာမစွပ်​စွဲနဲ့...သူကကျွန်​မငယ်​ချစ်​​ဟောင်း
မှန်​​ပေမယ့်​..ဘုရားမကြိုက်​တာကျွန်​မ မလုပ်​ဘူး"

Heart-Blood(Z+U){COMPLETED}Where stories live. Discover now