Part-8

9.3K 421 0
                                    

Zawgyi

♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤

......................................................................

ဒီနေ့မှညကောင်းကင်ကြီးကလှပပြီး
အသက်ဝင်နေသယောင်။ကြယ်လေးတွေကလဲ
မှိတ်တုတ်မှိတ်တုတ်နဲ့အချင်းချင်းတီးတိုးစကားဆိုနေကြသလိုပင်..။

လပြည့်ဝန်းကြီးကလဲထွန်းလင်းနေပြီး
ညကောင်းကင်ယံမှာတိမ်များကလဲ
ရှင်းလင်းလို့နေသည်။
ကောင်းကင်ထက်ကအရာတိုင်းကိုရှင်းလင်းပြတ်သားစွာမြင်နေရတာမို့ အလွန်ပင် လှပနေသည်..။

ဝရံတာထက်မှလူတစ်ဦး၏
မျက်နှာထက်တွင်လဲကျေနပ်ခြင်း၊
ပျော်ရွှင်ခြင်းများအပြည့်ဖြင့်ကောင်းကင်ကြီးကို
မော့ကြည့်ကာပြုံးရယ်နေသည်။

ထိုသူလက်ထဲကမီးငြိထားပြီးသား စီးကရက်ကို
တစ်ချက်ဖွာလိုက်ပြီးအငွေ့များအား
အပေါ်မော့ကာမှုတ်ထုတ်လိုက်သည်။

ထို့နောက်သူ့ဆန္နတွေကို အစပြုပြီး အကောင်အထည် ​ဖော်ခွင့်ရတော့မည်မို့ ကျေနပ်သည့်အကြောင်းကို
ကောင်းကင်ထက်သို့ပြန်လည်မော့ကြည့်ပြီး
စကားဆိုလိုက်သည်။

"အဖေ..အမေ..ကောင်းကင်ဘုံမှာအေးအေးချမ်း
ချမ်းရှိကြရဲ့လား..မနက်ဖြန်ဆိုရင် ​ဖေဖေနဲ့မေမေတို့လောကကြီးကနေ ထွက်ခွာသွားတာ လေးနှစ်တိတိပြည့်ပြီနော်
အဲ့တာကြောင့်..ကျွန်တော်ဒီနေ့မှာ..​ဖေဖေနဲ့မေမေကိုကတိပေးထားတဲ့အတိုင်း..
လက်ဆောင်သေးသေးလေးတစ်ခု..
ကျွန်တော်ပေးလိုက်တယ်
ဖေဖေရောမေမေရောကျေနပ်မယ်မလား"

မိဘတွေကိုလွမ်းတာကြောင့် ကျမိတဲ့
မျက်ရည်ကို မသိကျေးကျွန်ပြုထားရင်းမှ
သူ မပျော့ညံ့ချင်တော့တာကြောင့်...သူ့စိတ်တွေကို
မနူးညံ့စေချင်တော့တာကြောင့်..ကျဆင်းလာတဲ့
မျက်ရည်ကို ခပ်ကြမ်းကြမ်းဖိသုတ်လိုက်မိသည်..။

ထိုနောက်ဝရံတာပေါ်မှာချထားတဲ့ Vodka
ပုလင်းကို ခွက်ထဲပင်မထည့်တော့ဘဲ တစ်ခါထဲ
မော့ချလိုက်တော့သည်..။

အင်း အရက်ဆိုတဲ့အတိုင်းပဲ အရသာကတော့
ခါးသက်သက်ရယ်...သို့ပေမယ့် ထိုခါးသက်သက်အရသာက လျှာဖျားလေးထက်မှာသာ
ခါးတာ လည်ချောင်းထဲရောက်သွားရင်တော့
ရှတတဖြစ်ရုံလေးသာ...။

Heart-Blood(Z+U){COMPLETED}Where stories live. Discover now