Part-16

8.6K 394 7
                                    

Zawgyi

♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤

......................................................................

နှစ်ယောက်သားအချိန်အတော်ကြာဖက်ပြီးမှ
အထဲသို့ပြန်ဝင်လာပြီး ဆိုဖာထက်မှာ
ဘေးချင်ကပ်ထိုင်လိုက်သည်...။

ကလေးငယ်ကတော့ ခုထိတိုင်
မျက်ရည်များကျဆင်းပြီး ချစ်ရသူကို
ကြည့်နေဆဲပင်...။ကလေးငယ် မယုံကြည်နိုင်ဘူး
ဖြစ်နေတယ်ထင်ပါရဲ့...။

မျက်ရည်ကြောင့်အရောင်လဲ့နေတဲ့
မျက်လုံးလေးက သေချာကြည့်ရင်
ဝမ်းနည်းရိပ်နဲ့အတူ အရောင်မှိန်နေဆဲ...။

ခုထက်ထိ ဝမ်းနည်းနေဟန်
ကလေးငယ်ကို အလိုက်သတိရင်ခွင်ထဲထည့်ကာ
ဖက်ထားလိုက်သည်..။

ပိန်ကျသွားလိုက်တာ ကလေးငယ်...
ကိုယ်မရှိခဲ့တဲ့ နေ့ရက်တွေမှာ
အဆင်မပြေမှာသိပေမယ့် ကိုယ်ရောက်မလာနိုင်ခဲ့ဘူး....။

အစားလဲပုံမှန်စားမယ်မထင်ပါဘူး...
ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ဆို
အမြဲမေ့ထားတဲ့ ကလေးငယ်..
ဒီနေ့ ဒီချိန်ကစလို့ ကလေးရဲ့ တစ်နေ့တာကို
ကိုယ်အတိုးချ ဂရုစိုက်ပေးမယ်..။

"Baby.."

"အင်း.."

"ကိုယ်အရင်ဆုံးတောင်းပန်ပါတယ်
ကိုယ့်ကလေးအားငယ်နေချိန်
ဘေးနားမရှိပေးခဲ့မိလို့ ...

ကိုယ်accidentဖြစ်ဖြစ်ချင်း
ကိုယ့်အကိုကကိုယ့်ကို..
ကလေးတက်တဲ့ဆေးရုံမှာတောင်
ကိုယ့်ကိုကုလိုက်သေးတယ်တဲ့...
ဆရာဝန်တွေကကုမရလောက်တော့ဘူး..
အရမ်းလဲသွေးထွက်လွန်နေပြီး​ခြေထောက်လဲကျိုးသွားတယ်တဲ့
အာ့တာနဲ့ကိုယ့်အကိုကချက်ခြင်းပဲ
နိုင်ငံခြားကပါရဂူတွေနဲ့
သွားကုပေးတယ်...

နိုင်ငံခြားရောက်တော့
သူတို့ကပြန်ကောင်းလာမယ်ဆိုတာထက်...
ကြိုးစားပေးပါ့မယ်ပဲပြောတာ...
တစ်လလောက်ထိ ကိုယ့်အကိုက
သူကိုယ်တိုင်ကိုယ့်ကိုစောင့်ရှောက်ပေးသေးတယ်

ပြီးတော့...."

ပြီးတော့ဆိုတဲ့စကားဆိုပြီးတာနဲ့
စိတ်မကောင်းဟန် မျက်နှာရိပ်ကြောင့်
ကလေးငယ်ဆက်မေးလိုက်မိသည်...။

Heart-Blood(Z+U){COMPLETED}Where stories live. Discover now