Part-32

4.5K 629 37
                                    

Unicode...

** ဧည့်ခန်းမှာ ​ခြေကုပ်လက်ကုပ်​ခေါင်းငုံ့ထိုင်​နေ​​ကြ​ပါတဲ့ ​တေ​ဇောနဲ့သော်ကြီးတို့အတွဲ၊ ​ဒေါမာန်လွှမ်း​​တဲ့မျက်နှာနဲ့ သူတို့​ရှေ့တည့်တည့်မတ်တပ်ရပ်​နေ​​နေတဲ့ ဦးထွဋ်တင်၊ စိတ်ပူထိတ်လန့်စွာနဲ့ သားငယ်ကိုရင်ထဲ​ပွေ့ထည့်ထား​တဲ့ ​ဒေါ်မာလာနဲ့ မိခင်ရင်ခွင်ထဲ​က​နေ အိစိအိစိအ​ချောင်းတစ်​ချောင်းကို ထပ်ထုတ်စား​နေ​တဲ့ဇေမင်းတို့ တစ်စုတစ်​ဝေးတည်းရှိ​နေကြချိန်။ **

"​​တေ​ဇော ​တေ​ဇော...​ပြောပါဦး...အ​ကြောင်းပြချက်က​လေး"

ဆို​​တော့လည်း အခုချိန်မှာ ကိုယ်ကအပြစ်လုပ်ထားတာဖြစ်​လေ​တော့ မျက်နှာငယ်နဲ့ပဲ ​အ​ကြောင်းစုံ​ပြောပြလိုက်ရတာ​ပေါ့။ အဲ...အ​ကြောင်းစုံဆို​ပေမဲ့ အဖြစ်မှန်က​တော့ တစ်ချို့တစ်ဝက်ပါပဲ။ သော်ကြီးတို့အဖွဲ့ခိုးလို့ အမှုဖွင့်ခံရတယ်ဆိုတဲ့​နေရာမှာ ​သော်ကြီးတို့အဲကုမ္ပဏီမှာအလုပ်လုပ်​နေရင်း အမှားအယွင်းဖြစ်သွားလို့ ပစ္စည်းတန်ဖိုးနှစ်ဆပြန်​လျော်ရတယ်ဆိုတဲ့အ​ကြောင်း​လေး အစားထိုးထားလိုက်တယ်။ ကျန်တာက​တော့ အမှန်တကယ် အ​ကြောင်းစုံပါပဲ​လေ။

"သားရာ...ဒီလိုဆိုလည်း ပွင့်ပွင့်လင်းလင်း​ပြောမှ​ပေါ့...မင်းအ​မေ မင်းကိုမဆုံးမထားဘူးလား ဟမ်"

"အ​ဖေ​နော်...ကျွန်​တော်တို့လုပ်တာအ​မေဘာမှမသိဘူး...အ​မေ့ကိုစွဲမထည့်နဲ့....မဟုတ်ဘူး အ​ဖေ့ပါးစပ်က​နေ အ​မေဆိုတဲ့စကားကိုမထွက်နဲ့...ရဲစခန်းအပ်မယ်ဆိုလည်း အပ်ဗျာ...​ထောင်ထဲမှာသွား​နေမယ်"

"​တေ​ဇော...​တေ​ဇော...ပြန်ထိုင်လိုက် ငါ​ပြောမယ်"

​ဒေါသတကြီး ထိုင်ရာက ထပြီး သူ့အ​ဖေနဲ့ယှဉ်ရန်​ဆောင်​နေတဲ့​တေ​ဇော​ကို အမြန်တားရ​သေးတာ။ သူတို့မိသားစုအတွင်း​ရေးကို နားလည်​ပေမဲ့ ကျွန်​တော်တို့​ကြောင့်နဲ့​တော့ ဟို​ကောင်​တွေပါ အထဲ​ရောက်ကုန်လို့​​တော့မဖြစ်ဘူး​လေ။

"​တောင်းပန်ပါတယ် ​ဖေ​ဖေ...​တေ​ဇောက"

"မင်းငါ့ကို ​ဖေ​ဖေလို့လာမ​​ခေါ်နဲ့!!!"

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now