Part-14

6K 847 59
                                    

Unicode...

အင်းဝခရီးစဉ်တစ်​လျှောက် အ​နောက်က​နေဆိုင်ကယ်တစ်စီးနဲ့ ​ကောက်​ကောက်ပါ​​အောင်လိုက်​နေလို့ ကျွန်​တော့်မှာ သတိ​ပေးရ​သေးတယ်။ ကား​​ပေါ်က က​လေးမ​လေးများက ပြုံးစိစိ၊ စပ်ဖြီးဖြီးနဲ့။ သက်နှင်း​တောင်အဆစ်ပါ​သေး။ လက်က​လေး​တွေကွယ်ကွယ်ပြီး တိုးတိုးတိတ်တိတ် အတင်းတုပ်​နေကြတာများ တစ်ကားတည်းစီး​နေတာပဲ ကြားတာ​ပေါ့။ အင်း အတင်းဆိုတာထက် ​​သော်ကြီးက ကျွန်​တော့်​နောက်လိုက်လာတာကို သူတို့အမြင်နဲ့သူတို့ ပိုပိုကဲကဲစာဖွဲ့ကြတယ်ဆိုပါ​တော့။

အုတ်​ကျောင်းက​နေ ဗားကရာဘက်သွား​​တော့ ​ဒေါ်ဂျမ်းဘုရားစုကစ တခြား​စေတီအပြိုအပျက်​တွေကိုလည်း ​တွေ့ရ​သေးရဲ့။ ဗားကရာ​ကျောင်း​ရောက်​တော့လည်း ​အေး​အေး​ဆေး​ဆေးမလည်ရ​ပေါင်။ cameraကြီးတကားကားနဲ့ ဟို​နေရာ​​ရောက် ရိုက်လိုက်၊ ဒီ​နေရာထိုင်ရိုက်လိုက်နဲ့။

ဝင်္ကဘာဘုရားမှာ​တော့ မိန်းက​လေး​တွေအကြိုက်​ပေါ့။ ​နေပူကျဲတဲ​​ပေမဲ့ တံတိုင်း​တွေ​ပေါ်တက် ဓါတ်ပုံရိုက်ကြတာ သူတို့ကြည့်ပြီး ကိုယ်​တောင်​ချွေးပြန်တယ်။ နောက်ဆုံး​နေရာဖြစ်တဲ့ သ​ပြေတန်းခံတပ်က​​တော့ အင်းဝမြို့ရဲ့အထင်ကရထဲကတစ်ခုပဲ။ ဒီခံတပ်ကိုကြည့်ခြင်းအားဖြင့် တစ်​ခေတ်တစ်ခါက ကာကွယ်​ရေးနည်းနား​တွေ ဘယ်လိုအမျှော်အမြင်နဲ့သုံးထားလဲဆိုတာ ထင်ထင်ရှားရှားမြင်ရတယ်။ လေး​ထောင့်တံတိုင်းကြီးကိုမှ ​လှေကား​တွေနဲ့ ​​အောက်ကိုဆင်းသွားရင် ​အောက်မှာ ဂူ​လေး​​တွေအများကြီးရှိတယ်။ အ​မြှောက်ကြီး​တွေကိုလည်း ဧရာဝတီမြစ်ဘက်လှည့်ထားပြီး ​ရေလမ်းအန္တရာယ်ကို ရင်ဆိုင်ဖို့ အသင့်လုပ်ထားတယ်။

သ​ပြေတန်းခံတပ်က​နေကြည့်ရင် စစ်ကိုင်းတံတား​​ဟောင်းကြီးကို မြင်နိုင်ပါတယ်။ တအားလှတဲ့မြင်ကွင်း​တွေ​ပေါ့။ ဒီလို​နေရာမျိုးမှာကျ ချစ်သူကကိုယ့်​အ​နောက်မှာရှိ​နေတာ ​​ရေကန်အသင့်ကြာအသင့်ဆိုသလိုဖြစ်သွားတယ်။ ထုံးစံအတိုင်း polaroid ပုံ​လေးရိုက်တယ်​ပေါ့။ အင်းဝခရီးစဉ်မှာ ကျွန်​တော်တစ်ခါမှ ဖုန်းနဲ့မရိုက်လိုက်ရဘူး။ ပုံအားလုံးဟာ polaroidပုံ​တွေ၊ နှစ်​ယောက်တွဲပုံ​​တွေချည်းပဲ။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now