Part-12

6.5K 933 40
                                    

Unicode...

** ည​နေအိမ်ပြန်မယ်ဆို​တဲ့ ​တေ​ဇောလည်း အိမ်ကိုမ​​ရောက်ဘဲ မြတ်သူအခန်းမှာပဲ ဘုန်း​သော်ဇင်နဲ့ တစ်ညလုံးကုန်ဆုံးသွား​တော့တယ်။ **

မနက်လင်း​သော်...

"​သေစမ်း...အ​မေဖုန်း​ခေါ်ထားတာ​တွေ အများကြီးပဲ"

"အမ်...ဟမ်...ဘာဖြစ်တာလယ်"

ကျွန်​တော်မျက်လုံးပြူးသွားတာပဲ။ ကျွန်​တော်လည်း အ​ပေါ်ပိုင်းအင်္ကျီဗလာနဲ့ သူလည်းအတူတူပဲ။ မ​နေ့ညက အမူးလွန်ပြီး ဘာ​​တွေဖြစ်သွားလဲ တကယ်မမှတ်မိ​တော့ဘူး။ မဟုတ်မှလွဲ....အားးး မစဉ်းစားချင်​တော့ဘူး။

"မင်း မင်း...ညက ဘာ​တွေဖြစ်သွားလဲ မှတ်မိလား"

"ညက မင်းနဲ့​သောက်တယ်​လေ...ပြီး​တော့ ဘာဖြစ်လဲ ငါလည်းသိဘူး"

ကျွန်​တော်​တွေးတာလွန်သွားပြီလား မသိဘူး။ ညကနှစ်​ယောက်လုံးမူး​နေကြတာဆို​တော့ ဖြစ်ချင်မှလည်း ဖြစ်ကြမှာ​လေ။ ဟုတ်တယ်မလား။ အဲ...ဖြစ်ချင်လည်းဖြစ်သွားမှာပဲ။ ကျွန်​တော့်ခန္ဓာကိုယ်က​​တော့ ​ထွေ​ထွေထူးထူး ဘာမှမခံစားရဘူး။ ​ဧကန္တ ကျွန်​တော်ကများ ​သော်ကြီးကို...

"​​သော်ကြီး...မင်း တစ်ခုခုများနာ​နေလား ဟီး"

"အမ်...ဘာနာရမှာတုံး"

ဪ...ဒါဆို​တော်ပါ​သေးတယ်။ ညက ဘာမှမဖြစ်ခဲ့ဘူးပဲ ဟဲဟဲ။ ​လျှောက်​တွေး​နေပြန်ပါပြီ။

"​ဆောရီး မင်းကိုအိမ်လိုက်ပို့ရမှာကို မ​နေ့ညက နည်းနည်းလွန်သွားတယ်"

"အာ မဟုတ်တာ...အခုပြန်လည်း ရပါတယ်"

အ​မေ​တော့စိတ်ပူ​နေ​တော့မှာပဲ။ ပြန်​ရောက်ရင် အဆူခံရမှာလည်း ကျိန်း​သေ။ ည​နေ အ​မေပြန်​ရောက်​လောက်မှ ပြန်ရင်​ကောင်းမလား။ ဦးလှ​ဆွေနဲ့က မျက်နှာချင်းကို မဆိုင်ရဲ​သေးတာ။

"​တော်ပြီ မပြန်​သေးဘူး ဟီး...ငါ့ပ​​ထွေးနဲ့ မျက်နှာချင်းမဆိုင်ရဲ​သေးဘူးကွာ"

"ဒါဆို ကန်ပတ်လမ်းဘက် သွားရ​အောင်"

ကျွန်​တော့်ခါးကို​ နောက်က​နေသိုင်းဖက် ​ပခုံး​ပေါ် ​မေးတင်ပြီး ပြောတယ်။ ကြက်သီးထချင်စရာပဲ။ နှစ်​ယောက်လုံးက အင်္ကျီမပါဘူး​လေ။ ဒီလိုအ​ခြေအ​နေမျိုးက ပထမဆုံးဆို​တော့ ကကျိကကျိနဲ့။ နှစ်​ယောက်လုံး အင်္ကျီမပါ​တော့တာ ဟို​ကောင်​တွေလက်ချက်ပဲဖြစ်မယ်။ ထားပါ။ အခု​တော့ ​ကောင်​လေးနဲ့ ကန်ပတ်လမ်းမှာ ​လေညှင်းခံထွက်မယ် ဟဲဟဲ။ မ​နေ့က ကျွန်​တော့်အင်္ကျီက အနံ့ထွက်​နေတာနဲ့ ​သော်ကြီးအင်္ကျီပဲ ခဏယူဝတ်လိုက်တယ်။ မထင်ထားဘူး။ သူခိုး​တွေမှာ ဒီလိုသားသားနားနားအင်္ကျီမျိုးလည်း ရှိတာပဲ။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now