Part-5

8.2K 1.1K 98
                                    

Unicode...

"ဟာကွာ...ဒီ​ကောင်​လေး​တွေ"

​​ဘေးနားရှိ ယာဥ်ထိန်းရဲတစ်​​ယောက်က ​အော်လိုက်ခြင်း။

** အက်ဆီးဒန့်ဖြစ်တဲ့နေရာမှာ လူ​တွေ ဝိုင်းအုံလာတယ်။ မီးပွိုင့်မှာမို့ ​မော်​တော်ပီကယ်​တွေလည်းရှိ​နေတယ်။ **

ကျွန်​တော်က လီဗာကိုလှမ်းထိန်းပြီး ခုန်ချလိုက်တာ​ကြောင့် ဘာမှ​တော့ဖြစ်မသွား​ပေမဲ့ ​မောင်းတဲ့​ကောင်က ဘယ်​တွေအာရုံ​ရောက်​နေတယ်မသိဘူး။ မြေပြင်​ပေါ် နှစ်လိမ့်သုံးလိမ့်​လောက် လိမ့်သွားတာပဲ။ တော်​သေးတာ​ပေါ့။ သတိရှိ​သေးလို့။ ကျွန်​တော်သူ့ကိုလမ်း​ဘေး​ရွှေ့ပြီး ဟို​ကောင်​တွေဆီဖုန်းဆက်ရ​တော့တာ​ပေါ့။ ဦးထုပ်​ဆောင်းထားတာ​ကြောင့် ​ခေါင်း​တော့ထိမသွား​ပေမဲ့ ညာဘက်လက်က​တော့ ​တော်​တော်ဆိုးတယ်။

"​ဟေ့​​ကောင်...ရရဲ့လား.. လူနာတင်ကား​ခေါ်လိုက်မယ်"

"ရတယ်ဦး​လေး...ကျွန်​တော့်သူငယ်ချင်းတွေ​ခေါ်ထားတယ်...အမှုမဖွင့်နဲ့​နော် ဦး​လေး"

"​အေးပါကွာ"

​မော်​တော်ပီကယ်ဦး​လေးကြီးနဲ့ သိ​နေလို့​​ပေါ့။ ခဏ​နေ​တော့ သူငယ်ချင်း​ကောင်း​တွေ​ ကားတစ်စီးနဲ့ရောက်ချလာတယ်။

"မြတ်သူ ဆိုင်ကယ်ယူသွားပြီး ပြင်လိုက်...ကျန်တဲ့​ကောင်​တွေ ဒီ​ကောင့်ကိုဝိုင်းမကြဦး"

** ဒီ့​နောက် မြတ်သူက ဆိုင်ကယ်ယူပြီး သူ့အိမ်​မောင်းသွားတယ်။ ​တေ​ဇောကို ကား​ပေါ်တင်ပြီး ဘုန်း​သော်ဇင်က ယာဥ်ထိန်းရဲကို နှုတ်ဆက်တယ်။ ပြီးတာနဲ့ ​နေရာက​နေ ထွက်ခဲ့​တော့တယ်။ **

"ဘယ်လိုဖြစ်ကြတာလဲကွ"

​ကား​မောင်းရင်းနှင့် ​အောင်ထွန်းမင်းက ​မေး​တယ်။

"​နောက်မှ ​ပြောမယ်ကွာ...ဒီ​ကောင့်အ​ခြေအ​နေဆိုးတယ်...​ဒေါက်တာမင်း​ကျော်ဆီသာ မြန်မြန်​မောင်း"

​ဒေါက်တာမင်း​ကျော်ဆိုတာက​တော့ ကျွန်​တော်တို့သူခိုး​ဂိုဏ်းရဲ့ ဖန်မလီ​ဒေါက်တာဆို မမှားဘူး​ပေါ့။ ခိုးရင်း​ပြေးရင်း တစ်ခုခုဖြစ်ခဲ့ရင် ​ဒေါက်တာ့ဆီပဲသွားရတာ။ ​ကျွန်​တော်တို့လိုလူမျိုး​တွေက ​ဆေးရုံ​ဆေးခန်း​တွေသွားလို့မှ မဖြစ်ဘဲ။ ဘာဖြစ်လာတာလဲ​မေးရင် ဟိုလိမ်ဒီလိမ်နဲ့ မိသွားနိုင်တယ်​လေ။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now