Part-3

9.2K 1.2K 138
                                    

Unicode...

"ဟင် စိန် စိန်ပလိန်တိန်... ခွီး"

ကျွန်​တော် ဘယ်လိုမှ​အောင့်ထားလို့မရ​တော့ဘူးဗျ။ သူ့မျက်နှာကြီးမြင်​တော့ ဟိုတစ်နေ့က ​ဒေါ်ပုမဆိုင်မှာ သူတို့​အော်တဲ့ စိန်ပလိန်တိန် မုန့်လင်မယားကြီးက ကျွန်​တော့်စိတ်ကို အပိုင်စိုးထားတာကိုး။

"​​ဟေ့...မင်း မုန့်ဖက်သီးကောင်မလား"

"ကျစ်...ဘာ​တွေလဲကွ...မင်းက ဘယ်လိုလုပ်သူနဲ့ သိနေရတာလဲ"

ကျွန်​တော့်​ဘေးကဇိုး ဝဏ္ဏဆိုသူက လှမ်း​အော်တယ်။

"​ဟိုနေ့က မုန့်ဟင်းခါးဆိုင်မှာ ငါတို့ကိုရယ်တဲ့အ​ကောင်"

ဟိုတစ်​ယောက်ကလည်း ကျွန်​တော့်ကို မျက်​စောင်းတထိုးထိုးနဲ့ ရန်​ဆောင်တယ်။

ရယ်မိသူအပြစ်တဲ့လား။ သင်းတို့​​ပြောပုံဆိုပုံ​တွေက ရယ်ရလို့ရယ်တာကို။ အင်း...သူတို့သူငယ်ချင်းတစ်စုက အင်အား​တောင့်သလိုလို​တော့ရှိ။ ကျွန်​တော်ကတစ်​ယောက်တည်းရယ်။ ​တော်​သင့်ပြီ ​တေ​​ဇော...​ယောက်ျားမရ​သေးဘဲ မသာ​မ​ပေါ်သင့်ဘူးမလား။

အဲဒါနဲ့ပဲ ကျွန်​တော့်ပါးစပ်ကိုလက်နဲ့ခပ်တင်းတင်းအုပ်ပြီး မျက်နှာထားကို အတတ်နိုင်ဆုံးခပ်တည်တည်ဖြစ်​​အောင် ပြင်ယူလိုက်တယ်​ပေါ့။ အ​ရှေ့က ဆူဆူညံညံအသံ​တွေကြားလို့ထင်ရဲ့။ ​နောက်ထပ်လူတစ်​ယောက်နဲ့ ကျွန်​တော့်ရဲ့မျက်နှာ​ချော​ကိုယ်​တော်တို့ ထွက်လာတယ်။

"ဘာ​တွေဖြစ်​နေကြတာလဲ"

ကျွန်​တော့်ရဲ့မျက်နှာ​ချောကိုယ်​တော်က ဩဇာပါတဲ့အသံနဲ့ လှမ်း​မေးတယ်။

သူ့အ​နောက်ကလူကိုမြင်​တော့ ကျွန်​တော်ထပ်ရယ်မိပြန်ပါ​ကော။ သင်းက မုန့်လင်မယား​လေ။

"​ငါ​ပြောတဲ့ မုန့်ဖက်သီး​ကောင်​လေ ​အထွန်း"

စိန်ပလိန်တိန်က မုန့်လင်မယားဘက်လှည့်ပြီး ဆိုတယ်။

"ဪ"

** အဲဒီအချိန်မှာပဲ မြတ်သူ ဖုန်း​ပြောရင်း အိမ်ထဲဝင်လာတယ်။ **

"​အေးပါ မင်းရဲ့​ကျောက်ကြီးက​တော့ စိတ်ချ... မနက်ဖြန် မင်းဆီအရင်လာမှာ.... အေးပါဆိုကွာ...ဒီ​နေ့က​တော့ ရဲ​တွေ​ကောရပ်ကွက်လူကြီး​တွေ​ကော ပတ်လည်ဝိုင်းနေလို့ လှုပ်ရှားဖို့ကို မဟန်တာ ငါ့​ကောင်​ရေ"

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now