Part-20

5.5K 762 64
                                    

Unicode...

သုံးလကြာပြီး​သော်....

ဟို​ကောင်​တွေ ကျွန်​တော့်ကိုဖိအား​​ပေး​နေပြီ။ အလုပ်​တွေပြန်စသင့်တယ်​ပေါ့။ အ​မေ့နားကပ်​လည်း ရွေးပြီးသွားပြီကိုး။ ကျွန်​တော်လည်း လုပ်ချင်ပါတယ်။ ဒါ​ပေမဲ့ ​တေ​ဇောငြိုငြင်သွားမှာကိုလည်း ​ကြောက်တယ်။

"​သော်​သော်ရယ်...မင်း ငါ့အားနာပါဦး...ငါ့ဦးက စခန်းမှူးဟဲ့"

သုခ​ပြောတာ​လေး ပြန်ကြား​ယောင်မိ​တော့ ရယ်ချင်သား။ ဒီ​ကောင်ဘယ်လိုဖြစ်ပြီးများ ရဲတစ်​ယောက်နဲ့ ချစ်ကျွမ်းဝင်သွားပါလိမ့်။ ဟိုကလည်း ​တော်​တော်ချစ်ပုံပါပဲ။ ​နေ့တိုင်းလိုလိုလမ်းထိပ်ကိုလာတယ်။ မုန့်​တွေပို့၊ လက်​ဆောင်​​တွေ​ပေးနဲ့ ဟုတ်​နေ​ရောပဲ။ နောက်ဆုံး​တော့ တပူးပူးတတွဲတွဲနဲ့ ဖြစ်သွား​ရော။ ကျွန်​တော် သူ့ကို​မေးကြည့်​သေးတယ်။ ငါတို့သရုပ်မှန်ကိုသိရင် မင်းရဲ့ဦးက လက်ခံမယ်ထင်လားလို့​လေ။

"ငါဒါ​တွေ မစဉ်းစားချင်ပါဘူး...အခုချိန် ချစ်မိတုန်း ချစ်မှာပဲ...ငါတို့က အစတည်းကရှည်ရှည်​ဝေး​ဝေး​တွေမှ မ​တွေးတတ်တာ...​ရေစက်ရှိသ​လောက်ဆုံမယ်...​မေတ္တာစစ်​နေသမျှ ချစ်မယ်...ကျန်တာ​တွေ မ​တွေးဘူး" တဲ့။

အင်း...သူ​​ပြောတာလည်း ဟုတ်တာပဲ။ ကျွန်​တော်လည်းအရင်က တူတူပါပဲ။ ဘယ်​တော့မှ ရှည်ရှည်​ဝေး​ဝေးမ​တွေးဘူး။ ကျွန်​တော်တို့ ပစ်မှတ်ကို​လေ့လာတယ်။ အစီအစဉ်ချလိုက်တယ်။ တာဝန်ခွဲတယ်။ ခိုးတယ်။ ဖမ်းမိခဲ့ရင်လည်း ​ထောင်ထဲဝင်ဖို့ ဝန်မ​လေးခဲ့ဘူး။

​တေ​ဇောရှိလာ​တော့ ကျွန်​တော်​ကြောက်လာတယ်ဆိုတာ ဝန်ခံရမယ်။ ကျွန်​တော်သူ့ကို​ပေးခဲ့တဲ့ ဖဲချပ်​လေးလိုပဲ။ သူက ကျွန်​တော့်ရဲ့ ဝှက်ဖဲ။ အားသာချက်ဖြစ်သလို အားနည်းချက်ကလည်း သူပဲ။ ကျွန်​တော်တို့ တစ်စုံတရာများ လွဲ​ချော်ခဲ့သည်ရှိ​သော် သူ့ကိုမနာကျင်​စေချင်ဘူး။ မထိခိုက်​စေချင်ဘူး။ ကျွန်​တော့်အတွက် ပူပန်​နေတာမျိုး မဖြစ်​စေချင်ဘူး။

သူ့​ကြောင့် ကျွန်​တော့်အနာဂတ်ကို ​တွေးမိလာတယ်​ပြောရမလား။ ကျွန်​တော်တို့ အလွဲများစွာနဲ့ အတူတူဖြတ်သန်းခဲ့တာ ​ငါးလ​​​ကျော်ခဲ့ပြီ။ ကျွန်​တော် သူနဲ့ ဒီထက်ပိုပြီး အတူတူရှိ​နေချင်တယ်။ ဒါ​ပေမဲ့ ကျွန်​တော့်ဘဝကို အားမရဘူး။ ကျွန်​တော့်​ကြောင့် သူ့ကိုပါ အမည်းစက်စွန်းထင်းတာမျိုး မဖြစ်​စေချင်ဘူး။ သူက​တော့ ကျွန်​တော့်အလုပ်နဲ့ပတ်သက်ပြီး ဘယ်​တော့မှ ဖိအားမ​ပေးဘူး။ ဆက်လုပ်ပါလို့ အားမ​ပေးသလို မလုပ်ပါနဲ့​တော့ဆိုပြီးလည်း မတိုက်တွန်းဘူး။ သူကျွန်​တော့်အ​ပေါ်မှာ အရမ်းနားလည်​ပေးလွန်းအားကြီးတယ်။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now