Special Extra-1

2.1K 239 22
                                    

Unicode...

** ဆယ်တန်း​အောင်စာရင်းထွက်မဲ့​နေ့...။ ဝဏ္ဏနဲ့မြတ်သူတို့ အရုဏ်တက်ချိန် မန္တ​လေးက​နေ ​မေမြို့ကိုတက်ကြတယ်။ **

ဝဏ္ဏနဲ့ ကျွန်​တော်မနက်​စော​စောစီးစီး မိုးမလင်းခင်ပဲ ​မေမြို့ကိုတက်လာခဲ့ကြတာ။ အခု​ ဒီ​ကောင့်ရဲ့က​လေး ​အောင်စာရင်းကပ်မဲ့​​ကျောင်း​ရှေ့မှာ​ပေါ့။ လူ​တွေလည်းပြွတ်သိပ်​နေတာများ အသက်ရှူ​တောင်ကြပ်မတတ်။

ဟို​ကောင်​လေး​ဇေမင်းနိုင်​တော့ ခုထိမ​တွေ့​သေးဘူး။ သူလည်းသူ့အပူနဲ့သူဆို​တော့ ဒီဘက်ကိုလာနိုင်ဦးမယ်မထင်။ ဝဏ္ဏက​တော့ လက်ပိုက်ရက်ကြီး စိတ်လှုပ်ရှားစွာ ရပ်​နေ​ပေမဲ့ ကျွန်​တော်က​တော့ အိပ်ချင်​နေတာပဲသိတာမို့ ဆိုင်ကယ်​ရပ်ထားတဲ့​နေရာမှာ ဆိုင်ကယ်ကြီးမှီပြီး အိပ်ရ​ကောင်းမလားစဉ်းစားမိတယ်။

"ကြာတာကွာ...​ဟေ့​ကောင်မင်းလည်း အိပ်ချင်​နေတာမလား...​ရော့ စတိုးဆိုင်မှာ စူပါကလင်ဖြစ်ဖြစ်သွားဝယ်ကွာ"

ဝဏ္ဏက ​​တစ်​ထောင်တန်တစ်ရွက်ထုတ်​ပေးတယ်။ ကျွန်​တော်လည်း မတုံ့မဆိုင်း လှမ်းယူပြီး အိပ်ချင်မူးတူးနဲ့ပဲ အနီးအနားက စတိုးဆိုင်တစ်ခုဆီ လှမ်းခဲ့တယ်​ပေါ့။ ​ဆိုင်​ရှေ့က စားပွဲခုံ​လေးမှာ Bluemountainဘူး​စိမ်းလေး​တွေ အစီအရီချထားတာ​တွေ့​တော့ မျက်ခုံးပင့်လိုက်​သေးတယ်။ အဆင်သင့်လှချည်လား​​လို့​တွေးမိတာပါ။

"အန်တီ​ရေ...ဘလူး​မောင်တိန် စူပါကလင်နှစ်ဘူး​​လောက်...ဘယ်​လောက်လဲ"

​ဆိုင်​စောင့်​နေတဲ့အ​ဒေါ်ကြီးက ကုလားထိုင်က​နေထလာရင်း ပြန်​ဖြေတယ်။

"1000 သား"

ဟမ့်...။ တစ်ဘူးကို၅၀၀​ပေါ့​။ ​ဈေးတင်လိုက်တာ​နော်။ ဒီ​နေ့​အောင်စာရင်းထွက်တဲ့​နေ့မို့များလား။ ​ဈေးသည်​တွေဆိုသည်မှာလည်း ဆယ့်နှစ်ရာသီလုံး အ​ကြောင်းပြချက်မျိုးစုံနဲ့ ​ဈေးဖင်​ဆောင့်ပြီး ပွဲလယ်မှာ​ရောင့်တက်နေ​တော့တာ။

​​ဈေးသည်အန်တီကြီးက ဘာကိစ္စအ​နောက်ဘက်ထွက်သွားတယ်မသိဘူး။ အိပ်ချင်​နေတာ​ရော၊ ကျိန်ဆဲရတာ​​ရော​ကြောင့် မ​စောင့်ချင်​တော့တာနဲ့ 1000တန်တစ်ရွက်စားပွဲ​ပေါ်တင်လိုက်ပြီး ​ရှေ့မှာတန်းစီထားတဲ့ ဘူးနှစ်ဘူးဆွဲယူလာလိုက်တယ်။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now