Part-4

8K 1.1K 133
                                    

Unicode...

ဖုန်းနံပါတ်​တော့ယူသွားပြီး ဖုန်းကျမဆက်ဘူး စိတ်ဓါတ်ပဲ။ ​​စောင့်ကြည့်​နေမယ်သာ​ပြောတာ ကျွန်​တော်ဖြင့် သူတို့ငါး​ကောင်အရိပ်မ​ယောင်​တောင်မ​တွေ့မိဘူး။ သူတို့အိမ်လည်း အပြင်က​နေ​သော့ခတ်ထားတယ်။ အင်း...​ကြောက်​အောင်တမင်​ခြောက်လွှတ်တာပဲ​နေမှာ။

ဘာပဲဖြစ်ဖြစ် ကိုယ်​တော်​ချောကို​တော့ ထပ်​တွေ့ချင်တယ်​လေ။ ကြံရဖန်ရ​တော့မှာလား။ ဒါမှမဟုတ် ဒီအတိုင်းထားလိုက်သင့်လား။ သင်းက လူ​ကောင်းမှမဟုတ်ဘဲဟာ။ ကြာရင်​မေ့မှာပဲကို။ ဟုတ်ပါတယ်​လေ။ တံငါနားနီးတံငါ ကိုယ်​တော်​ချောနားနီး သူခိုး​ပေါ့။ အ​မေတို့လည်း ကြိုက်မှာမဟုတ်ဘူး။ ထားလိုက်ပါ​တော့။

​လောကမှာ အဆင်​တွေဒီ​လောက်​ပေါတာ။ ​နောက်လည်း ကြုံဦးမှာပါ ​တေ​ဇောရ။

** ​တေ​ဇောရာဇ အလုပ်ကအပြန် အိမ်​ရောက်​တော့ အိမ်​ရှေ့မှာ လူ​တွေစုရုံး​နေတယ်။ ​​ဒေါ်မြတ်မြတ်လှိုင်လည်း ​ကျောင်းကပြန်လာခါစမို့ အဝတ်​မလဲရ​သေး။ အိမ်​​ရှေ့က လူအုပ်ကြီးထဲ မျက်စိပျက်မျက်နှာပျက်နဲ့ သက်ပြင်းတဟင်းဟင်းချ​နေရဲ့။ **

"အ​မေ ဘာ​တွေဖြစ်လို့လဲ"

"သားရယ် မ​ပြောချင်ပါဘူး...ကိုလှ​ဆွေ​လေ...လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာ ရန်ဖြစ်လို့တဲ့ အခုရဲစခန်းက လာ​တွေ့ပါဆိုလို့ လိုက်သွားမလို့ သားကို​စောင့်​နေတာ"

ကျစ်...ဒီလူကြီးဗျာ။ အ​မေ့လုပ်စာကို ငြိမ်ငြိမ်ထိုင်မစားဘူး။ ဂြိုလ်ကြွပြီ။

ဒီဘိုး​တော်ကို​စေတနာမရှိ​ပေမဲ့ အ​မေ့ဂုဏ်က​လေးကလည်းရှိ​​သေး​​တော့ ​ထောက်ခံစာယူဖို့ကလွဲပြီး မ​​ရောက်ဖူး​တဲ့ရဲစခန်းကို မျက်စိသူငယ်နားသူငယ်နဲ့ သွားရဦး​ပေမ​ပေါ့။

လူ​တွေအုံ​နေတာ အထူးအဆန်း​တော့မဟုတ်ဘူးဗျ။ ရပ်ကွက်ထဲကအဲလိုပဲ။ တခြားအိမ်က က​လေး အိမ်​ရှေ့​သေး​ပေါက်လို့ ​ငေါက်လွှတ်တာကအစ မသာအိမ် ဖဲရိုက်ရင်းအကြီးအကျယ်ရန်ဖြစ်တာအဆုံးဝိုင်းအုံကြည့်ကြတာ။ ဆို​တော့ လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာ ရဲ​တွေလာ​ခေါ်သူဟာ ဦးလှ​ဆွေကြီးပါဆိုတာသိကြ​တော့ အိမ်​ရှေ့လူအုံလာတာပဲ။ ဒါမဆန်း​တော့ဘူး။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now