Part-33

4.4K 594 59
                                    

Unicode...

က​လေးက ငါ့ကိုနမ်းလိုက်တယ်...က​​လေးက ငါ့ကိုနမ်းလိုက်တယ်...က​လေးက ငါ့ကိုနမ်းလိုက်တယ်...

"အားးးးး"

"ကျစ်...ဒီ​ကောင်​တော်​တော်ဖြစ်​နေပြီ​နေမှာ" (မြတ်သူ)

"ဟမ့်...ပါး​လေးနမ်းခံရတာကို ဖြစ်ပျက်​နေတယ်...ငါ့လို နှုတ်ခမ်းကိုနမ်းခံရရင် တတ်သွားမလားပဲ" (​သော်ကြီး)

** အဲဒီအချိန် တေ​ဇောက ​ဇေမင်းတို့အိမ်သွားပြီး တိတ်တဆိတ်​တွေ့တယ်။ **

"​ဇေမင်းနိုင်...မင်း​တော်​​​တော်ဖြစ်​နေတာဟုတ်လား...အ​ဖေ့သိက္ခာ​လေးဘာ​လေး ​ထောက်ဦး​မှ​ပေါ့"

"ဘာလဲ...ကိုယ့်ဘာသာကြိုက်လို့နမ်းတာ ဘာဖြစ်လဲ"

"မင်းကြိုက်တာဘယ်လိုလူစားမျိုးလဲ သိလား"

"မသိချင်ပါဘူး...ကိုကြီးဝဏ္ဏကိုကြိုက်တယ် ဒါပဲ"

"တယ်...ဒီ​ကောင်​လေး လုပ်လိုက်ရ...အသက်ကဖြင့် လက်​​တောင့်​လောက်နဲ့"

"အဲလက်​တောင့်က အစ်ကို့ထက်အများကြီးသိတယ်"

ဒီက​လေး​ပြော​လေကဲ​​လေပါလား။

"ငါလက်ပါမိ​တော့မယ်​နော်...မင်းဆယ်တန်း​အောင်​အောင်အရင်လုပ်စမ်း"

"စိတ်ချ...ဂုဏ်ထူး​တွေပါ ပါမှာ​လေ"

ဟက်...mangaစာအုပ်နာမည်​မေးတဲ့quizမှာလား။ က​လေးနဲ့ပြိုင်မဖြစ်ချင်​တော့တာမို့ ထုတ်မ​ပြော​တော့ပါဘူး။

"ဒါနဲ့​လေ ကိုမီးဓါတ်...ကိုကြီးဝဏ္ဏက မန်း​လေးဘယ်နားမှာ​နေတာလဲဟင်...ကိုကြီးအိမ်နဲ့နီးတဲ့တက္ကသိုလ်မှာ ​လျှောက်မလို့"

ဟူး...​ခေတ်ကာလ သားသမီး​တွေများမလွယ်ပါလား။ အင်း...ကျွန်​တော်လည်း ​ခေတ်ကာလသားပါပဲ။ ဒီ​ကောင့်ထက်​တော့ ​စောထွက်လာခဲ့တာ​ပေါ့။

"ဒီ​ကောင်က အိမ်မရှိယာမရှိ...သူငယ်ချင်းအိမ်​တွေမှာ ကပ်​နေတာ"

"ဒါဆို​ကောင်းတာ​ပေါ့...မန်း​လေးမှာ​ကျောင်းလာတက်ရင် ​ဖေ​ဖေ့ကိုအိမ်​သေး​သေး​လေးဝယ်ခိုင်းရမယ်...အဲမှာကိုကြီးနဲ့​နေမယ် အဟိ"

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now