JISOO

5.1K 277 5
                                    

"salle de discussion''
အဓိပ္ပါယ်ကတော့ ဆွေးနွေးခန်းလို့အမည်ရတယ်။

လူတစ်ယောက် ကော်ဖီဆိုင်နှစ်ခုကြားက အခန်းကျဉ်းလေးရဲ့ဆိုင်းပုဒ်ကိုကြည့်ရင်း

'ဒါဘာဆွေးနွေးခန်းလဲ စိတ်ရောဂါကုဆွေးနွေးခန်းလား ဒါဆို ဆရာဝန်နာမည်ပါရမှာပေါ့' ခုဟာက ထိုစာကြောင်းတစ်ကြောင်းသာရှိသည်'

ဘာလဲသိရအောင် ဝင်သွားကြည့်တော့

ထိုင်ခုံနှစ်လုံးကြားမှာ စားပွဲတစ်လုံး ထိုစားပွဲပေါ်မှာ စာအုပ်တစ်အုပ် နှင့် ဘောပင်တစ်ချောင်းသာရှိသည်။ တခြားဘာဆိုဘာမျှမရှိ။

စားပွဲရဲ့ တစ်ဖက်က ခုံပေါ်မှာတော့ ဘောပင်လှည့်နေသော ကောင်မလေးတစ်ယောက်။

"Bonjour''

Jisoo ဘောပင်လှည့်တာကို ခဏရပ်ရင်း အခန်းထဲဝင်လာသူကို နှုတ်ဆက်လိုက်သည်။
ထိုလူပုံစံက အနည်းငယ်ကြောင်တောင်တောင်နိုင်သည်။ သူမကိုမြင်တော့ ပိုပြီးဇဝေဇဝါဖြစ်သွားပုံရသည်။ ပထမဦးဆုံး ဒီအခန်းထဲဝင်လာသူ အများစုကတော့ ထိုနည်းလည်းကောင်း ပါပဲ။

"ထိုင်ပါ ပြောချင်သမျှအကြောင်းအရာ ဆွေးနွေးစရာရှိတာ သိလိုသမျှ မေးမြန်းနိုင်ပါတယ်''

"ဒီ ဒီတိုင်းပဲ ဝင်လာတာ''

"ရပါတယ် 15min အချိန်ရတယ် စဉ်းစားဖို့''

5min လောက်ကြာတဲ့အထိ ထိုသူဆီကဘာမှထွက်မလာ။

သူမလည်း ဘာတစ်ခွန်းမှမပြောသေးပဲ ဘောပင်ပဲဆက်လှည့်နေသည်။

"ကျနော်က ပန်းချီဆွဲတဲ့သူတစ်ယောက်ပါ''

ထိုသူက ဆက်ပြောသင့်မပြောသင့်စဉ်းစားနေသည်။

"ကျွန်မလည်း ပန်းချီဆွဲပါတယ်''

ထိုအခါကျမှအားတက်သရောနှင့်

"ကျနော် က ဂေါ်ဂင်လည်းမဟုတ်ဘူး ပီကာဆိုလည်း မဟုတ်ဘူး အဲ့လူတွေနဲ့ယှဉ်ဖို့လည်း အရည်အချင်းမပြည့်မီပါဘူး ဒါပေမဲ့ ကျနော့်ပန်းချီကိုပြခန်းတင်လိုက်တယ် ''

ထိုသူက သူမနားထောင်နေလား မနေလား တစ်ချက်ကြည့်သည်။

"ဆက်ပြောပါ''

RHYME🌠Where stories live. Discover now