Final

3.8K 292 17
                                    

Ville ရွာလေးဟာ သိပ်ကြီးသည့်ရွာတော့မဟုတ်။ နေရာအနှံ့မှ လူမျိုးခြားများက မြို့မှာအလုပ်လာလုပ်ကြရင်း ဒီရွာမှာပဲအခြေ ချကြသည်။ ပြင်သစ် စကားပြောတဲ့သူကသိပ်မရှိ အင်္ဂလိပ်စကားကိုသာပြောဆိုကြသည်။သူတို့ပြောသည့်eng စကားကလည်း broken တွေကများသည်။ဆေးရုံကြီးတွေ၌သူတို့တွေကို ကုသမှုမပေးပဲ ယခုလို volunteerတွေလာမှသာ ဆေးကုသမှုခံယူရသည်မို့သနားဖို့တော့ကောင်းသည်။ တချို့ဆရာဝန်တွေကတော့ သူတို့ရဲ့Broken စကားကိုနားလည်ကြသည်။ ဆရာဝန်သစ်ကလေးတွေကိုတော့ သူမ က အစားဘာသာပြန်ပေးရသည်။ Leo ကတော့ သူ့လူနာနှင့်သူ လေပေးဖြောင့်နေသည်။နေ့လည်တစ်ခေါက်နားကြ စားသောက်ပြီးကြတော့ Leo က သူမအနားလာကာ

"ဘယ်လိုလဲ ပင်ပန်းသွားပြီလား''

"ပင်ပန်းတယ်လို့တောင်မခံစားရပါဘူး''

"ကိုတို့လမ်းခဏလျှောက်ကြမလား''

"ဟုတ်''

နေ့လည်ပိုင်းဆိုသော်လည်း နေရောင်ကသိပ်မရှိ လေက တဖြူးဖြူးတိုက်နေသည်။

"ကို တို့ဆေးရုံက အမြဲလုပ်နေကြလေ ကိုက တော့ဒါပထမဆုံးအကြိမ်ပေါ့''

"ညီမ လည်း Leo ကြောင့်ပထမဆုံးပဲ''

"ဘာသာပြန်ရတာရောအဆင်ပြေလား''

"ပြေပါတယ် Translator ဆိုတာ ဘာသာမတူတဲ့လူနှစ်ယောက်ကြားဆက်ဆံမှုကိုလွယ်ကူစေတဲ့တံတားလိုပဲ ခံစားမိလာတယ်''

ထိုအချိန်သူမတို့အနား ကောင်မလေးတစ်ယောက်ရောက်လာသည်။

"ဟို အကိုနဲ့အမက ချစ်သူတွေလားဟင်''

Leo က အားတုံ့အားနာနှင့်သူမကိုကြည့်ကာ

"အကိုတို့က မိတ်ဆွေတွေပါ''

"အကိုတို့ကိုကြည့်နေတာ ရောက်ကတည်းက ဒီကိုလာတဲ့သူတွေထဲ အကိုနဲ့အမကအချောဆုံးပဲ''

"အယ် ကျေးဇူးပါဗျာ''

"အဟီး ညီမက ချစ်သူတွေဟုတ်မဟုတ်ကို သူငယ်ချင်းတွေနဲ့အလောင်းအစားလုပ်ထားလို့ပါ သွားခွင့်ပြုဦးနော်''

သူမတို့ဆက်လျှောက်လာရင်း

"ညီမကို ကို ၆ကြိမ်မြောက် ဖွင့်ပြောချင်တယ် အခုက အချိန်ကောင်းမဟုတ်ပေမဲ့ ညီမကို ချစ်တယ် မြတ်နိုးတယ် လက်ထပ်ဖို့ထိပါ ရည်ရွယ်ထားတယ် ညီမနှလုံးသားကရော ကို့အတွက်ဖွင့်ပေးနိုင်ပြီလား''

RHYME🌠Where stories live. Discover now