IX

1.3K 220 2
                                    

အရာအားလုံးဟာ သူ့နေရာနှင့်သူနေသားတကျ။
ပုံမှန်အတိုင်း လိုပဲလည်ပတ်နေသည်။
Lice နဲ့ Young ဟာလည်း သူတို့ဘဝနှင့်သူမို့
Jisoo ကို အမြဲတမ်း လာမကြည့်နိုင်တော့။
Jisoo ရဲ့အကိုကတော့ တစ်နေ့တစ်ခေါက်ဆေးရုံကိုပုံမှန်လာသည်။ တစ်ခါတရံ Jisoo ရဲ့ တူလေးလည်းပါလာတတ်သည်။

သူမကရော?

သူမကတော့ အချိန်ပြည့် Jisoo  နားမှာရှိသည်။ Fashion Designer ဖြစ်တာကြောင့် အရင်လို Show တွေမှာ ထုတ်ပြတာမျိုးမလုပ်တော့ပဲ ဒီဇိုင်းသီးသန့်သာဆွဲလေ့ရှိတော့သည်။ သူမရဲ့ ရုံးခန်းကိုလည်း နော့တန်ကနေ အော်လီရွန်ကို ရွှေ့ပြောင်းလိုက်သည်။ အရမ်းအရေးကြီးတဲ့ Meeting မျိုးရှိမှသာ သွားလေ့ရှိတာမို့ Jisooအနားမှာ အချိန်ကြာကြာရှိနေပေးနိုင်သည်။ စစချင်းတုန်းကတော့ သူမကို Young က နှင်ထုတ်ခဲ့သည်။ သို့သော်သူမ၏ ထပ်တလဲလဲတောင်းဆိုမှုတွေကြောင့် အချိန်ကြာတော့ Young လည်း လက်လျှော့လိုက်တော့သည်။

၁လ......
၂လ......
၆လ.....
အခုဆို ၁နှစ်ပြည့်သွားခဲ့ပြီ။
Jisoo ကတော့ နိုးထလာခြင်းမရှိခဲ့။
ကြားကာလတွေမှာလည်း သေမင်းနှင့်စစ်ခင်းနေသည့် Jisoo ကို ကယ်ခဲ့ပေါင်းလည်းမနည်းတော့။

မနှစ်က ဒီလိုအချိန်မှာ Jisoo ရဲ့ဘဝ ကံဆိုးမိုးမှောင်ကျခဲ့သည်။ မနှစ်ကလိုပဲ ဒီနေ့လည်း အအေးဓာတ်ကလွန်ကဲပြီး ဆီးနှင်းတို့က ဖုံးလွှမ်းလျက်။

သူမJisoo ကိုစကားတွေပြောနေသည်။

"Jisoo မဟုတ်ဘူး ငါနင့်ကို Aurora လို့ပြောင်းခေါ်ရတော့မလား''

အခုဆို Jisoo မှာ အသက်ရှူစက်လည်း တပ်ထားခြင်းမရှိ။ ပုံမှန် အတိုင်း အိပ်မောကျနေသည့် လူတစ်ယောက်လိုပင်။

"Sleeping beauty လေးပြန်နိုးထ လာဖို့ မင်းသား Phillip ရဲ့ အနမ်းတစ်ပွင့်ပဲလိုအပ်ခဲ့တာတဲ့ Jisoo''

သူမ ပြောပြီးမှ စိတ်ကူးထဲ အတွေးတစ်ခုပေါ်လာတာကြောင့် မျက်နှာတောင်ပူသလိုလိုခံစားလိုက်ရသည်။သို့သော် သူမ ဘာမှမစဉ်းစားလိုက်ပဲ Jisoo ရဲ့ နှုတ်ခမ်းပေါ် အနမ်းတစ်ပွင့်ကြဲချလိုက်သည်။
သူမ နမ်းပြီးမှ ကိုယ့်ဟာကို ရှက်နေမိသည်။
Jisoo ကတော့ ဘာမှမသိ။

RHYME🌠जहाँ कहानियाँ रहती हैं। अभी खोजें