VI

1.2K 219 4
                                    

ရုံးဖွင့်ရက်မို့ Jisooတစ်ယောက် Jennie ရှိရာ Hotelကိုသွားရပြန်သည်။ တကယ်ဆို Jennie အနေနှင့်သူမကို မလိုအပ်လှ။ ပိုက်ဆံတွေပေါနေသလားတော့မပြောတတ်။
ဟိုရောက်တော့ သူက Design တစ်ခုဆွဲနေသည်ထင်သည်။ စာရွက်တွေကလည်း ပြန့်ကျဲလျက်။
မျက်နှာက မကြည်လင် စိတ်ရှုပ်ထွေးနေသည်။

"ရောက်ပြီလား''

"အင်း''

"နင် ဂျာမန်စကားတတ်လား''

"တတ်တယ်''

"အတော်ပဲ ငါ့ဆီ ရောက်နေတဲ့ Email တွေကို ဘာသာပြန်ပေးထား''

သူမ စောဒက မတက်ချင်တော့။ ထို့်ကြောင့် Jennie ပြောတဲ့အတိုင်းသာ သူ့ဆီပို့ထားတဲ့ Email တွေကို ဘာသာထိုင်ပြန်နေသည်။သို့ပေမဲ့
"That is spam mail Jennie''
Jennie က ဘာဖြစ်လဲဆိုသည့် မျက်နှာပေးမျိုးနှင့်

"ဒါ Ads တွေလေ ငါ Translate လုပ်ဖို့လိုလို့လား''

"နင့်အလုပ်က Translator လေ ဒါက ငါလိုအပ်လို့ ဘာသာပြန်ထားခိုင်းတာ''

"နင်လိုအပ်တယ် သေချာလို့လား''

"Sure''

"နင် ဂျာမန် ဘာသာစကား မတတ်တာ အမှန်ဖြစ်မယ်ထင်တယ် နောက်ပြီး နင်တချို့ adult siteတွေကို မှားဝင်ထားပုံပေါ်တယ်နော်''

"ဘာလဲ''

"Nothing ငါအကောင်းဆုံးဘာသာပြန်ထားပေးပါမယ်နင့်အလုပ်သာနင်ဆက်လုပ်''

တကယ်တော့ သူမ Jisoo ကိုဒုက္ခပေးချင်၍ spam mail တွေဝင်အောင်လုပ်ထားခြင်းဖြစ်သည်။
Kim Jisoo ကိုလည်း သူမ လုပ်ခိုင်းစရာမရှိလှ။
သူမကို နာမည်ကြီး Model တစ်ယောက်က show လျှောက်ဖို့အတွက် ဝတ်စုံဒီဇိုင်းတစ်ခု အပ်ထားသည်။ နံနက်စောစောကတည်းက သူမ လိုချင်သည့်ပုံစံမျိုး ကထွက်မလာသေး၍ စိတ်အလိုမကျလှ။
Kim Jisooကိုကြည့်လိုက်တော့ မျက်မှောင်ကြုတ်နေသည်။ သူက Fashion အမြင်ရှိပုံမပေါ် သူဝတ်ထားသည်က ဒီခေတ်မှာ မဝတ်ဆင်တော့တဲ့ Retro ဒီဇိုင်းတွေ။ High waisted jean ကို တကယ်တွဲဖက်ဝတ်ဆင်မယ်ဆို crop hoddie တို့ sweat shirt တို့ ဘာတို့နဲ့တွဲဖက်ဝတ်လည်းရတာပဲ သူဝတ်ထားတာကSmock Shirt ကိုမှ အင်္ကျီ အရှေ့ကိုထည့်ဝတ်ထားတာမျိုးဆိုတော့။ Kim Jisoo က လှလို့ထင်ပါရဲ့။
ဝတ်စုံကဂွမ်းနေလည်း သူမနဲ့လိုက်ဖက်တယ်။

RHYME🌠Where stories live. Discover now