XIV

1.3K 212 1
                                    

သူမတို့Translator team ရဲ့ဂျူနီယာတစ်ယောက်ကအမှားလုပ်မိတာကြောင့် ထိုဂျူနီယာ အပြင် သူ့ရဲ့အထက် က သူမပါ တာဝန်ယူနေရသည်။ သူမ ဆေးရုံတက်နေတဲ့အတောအတွင်း ကိုယ်စားလှယ်ပါပြောင်းသွားတာမို့ သူမလိုတာထက်ပိုပြောခံရသည်။
အဲ့ဒီထက်ပိုဆိုးတာက ကိုယ်စားလှယ်ရဲ့စကားက သူမရင်ဝကိုဆောင့်တွန်းလိုက်သလိုဖြစ်သည့်အပြင် မာနပါထိခိုက်စေသည်။

"Jisoo Kim မင်းရဲ့ Responsibility ကို appreciateဖြစ်ပါတယ် ဒါပေမဲ့ ငါကတော့ မင်းကိုသဘောမတွေ့ဘူးကွာ Jennie Kim ကြောင့်သာမဟုတ်ရင် မင်းကိုဆက်မခန့်ဘူး''

"Jennie Kim''

"ဟုတ်တယ် မင်းကျေးဇူးတွေသူ့အပေါ်မှာဘာရှိလဲတော့ငါမသိဘူး မင်းကိုသူထောက်ခံလို့သာ ဒီနွန်company က လက်ခံပေးတာ''

အစတည်းက ဒီcompany ကို သူမအရည်အချင်းနဲ့ပင် ဝင်ခွင့်ရအောင်လုပ်ခဲ့သည်။ Accident မဖြစ်ခင် လေးနှစ်နီးပါးလောက်လည်း Company မှာ နာမည်ပျက်မရှိခဲ့။ အမှားနည်းအောင်ဆိုတာထက် အမှားကိုမဖြစ်အောင် သူမကြိုးစားခဲ့သည်။ အစတည်းက ထူးဆန်းပါသည်ဟု သူမထင်ခဲ့တာ။ အခု တကယ်ကို လူကရှက်ရွံပြီး ဒေါသထွက်လာသည်။ တတ်နိုင်သမျှ တည်ငြိမ်အောင်ကြိုးစားရင်း

"ကျွန်မ ဖက်က အဲ့ဒီကိစ္စကိုတကယ်မသိခဲ့ဘူး
အခုဖြစ်သွားတဲ့ကိစ္စတွေအတွက်လည်း ကျွန်မ တစ်ခါတည်းအလုပ်ထွက်စာတင်ပါမယ် ထွက်စာ အချောသတ်ကို email နဲ့ပို့ပေးလိုက်ပါမယ်''

ကိုယ်စားလှယ်လည်း ဤကဲ့သို့မထင်ထား၍ အံ့သြကာ ဘာမှမပြောနိုင်။ သူမလည်း ဆက်နားမထောင်တော့ပဲထွက်လာလိုက်သည်။

ဖုန်းလာနေသည်မို့ ကြည့်လိုက်တော့Jennie. သူမ မကိုင်တော့ပဲ စားပွဲပေါ်က သူမပစ္စည်းတွေကိုသိမ်းရင်း company ကထွက်လာလိုက်သည်။

"Jisoo ''

Jennie က သူမအနားကိုရောက်လာသည်။
သူက ဒီကိုဘာလာလုပ်တာလဲ။
အချိန်ကိုကြည့်လိုက်တော့ နေ့လည် ၁နာရီထိုးတော့မည်။
ဟုတ်သားပဲ။
နေ့လည်စာ တူတူစားဖို့ချိန်းထားတာကိုမေ့နေသည်။

"Jisoo ဘာဖြစ်လို့လဲ''

"Jennie ငါနင့်ကိုအေးအေးဆေးဆေးစကားပြောစရာရှိတယ်''

RHYME🌠Όπου ζουν οι ιστορίες. Ανακάλυψε τώρα