III

1.3K 219 1
                                    

Jennie တစ်ယောက် အော်လီရွန် မြို့မှာ အနည်းဆုံး တစ်ပတ်လောက်ကြာနိုင်တာမို့ လိုအပ်သည်များကိုထည့်နေသည်။ ရာသီဥတု ကအေးတာမို့ အနွေးထည်ကို များများထည့်နေသည်။ အနွေးထည်coat တစ်ထည်ရဲ့ အိတ်ကပ်ထဲ၌ ပစ္စည်းတစ်ခုကိုသူမ စမ်းမိလိုက်သည်။
'ဘာပါလိမ့်'
သူမလက်ထဲပါလာတာက glass keychainလေးတစ်ခု။ အပေါ်မှာ ထွင်းထားသည်က JJ ဆိုတဲ့စာလုံးလေး။

'ဒါကဘယ်လိုလုပ်ဒီရောက်နေတာလဲ'

ဟိုးအရင်ကတည်းက သူမ လွှင့်ပစ်ထားတဲ့ပစ္စည်းက ဆန်းဆန်းပြားပြား ဒီထဲလာရောက်နေသေးတယ်။
'နင့်ပိုင်ရှင်က ငါ့ကိုလူနဲ့တင်မဟုတ် ပစ္စည်း နဲ့ပါ ဒုက္ခပေးတုန်းပဲ'

ထိုkeychain က သူမတို့အထက်တန်းကျောင်း၌ ကျောင်းတွင်း 'souvenir of holiday' ပွဲတွင် သူမနှင့်ပစ္စည်းချင်းဖလှယ်ရမည့်သူက Kim Jisoo ဖြစ်နေခဲ့သည်။ သူမကတော့ notebook ပေးခဲ့ပြီး Kim Jisoo ဆီက ဒီပစ္စည်းကိုရခဲ့သည်။ တိုက်ဆိုင်တာလားမပြောတတ် Jisoo ဆီက ရတဲ့Keychain မှာ ပါတဲ့စာလုံးက နှစ်ယောက်လုံးရဲ့ရှေ့နာမည်တွေဖြစ်နေခဲ့သည်။

တစ်ခါတစ်လေကျတော့လည်း ကိုယ်မုန်းတဲ့သူကိုပဲ ဒီလောက်ထိ အမှတ်တရ ရှိနိုင်လွန်းတဲ့ ဦးနှောက်ကိုလည်း အံ့သြသည်။

.............

"Lice''

"ပြောလေ Young''

Liceက Youngကို ကျစ်ဆံမြီးထိုင်ကျစ်ပေးနေခြင်းဖြစ်သည်။ Young က phထဲက သတင်းကိုကြည့်ရင်း

"Collin နဲ့တူတူ Jennie Kimလည်းပါမယ်တဲ့''

Lice Youngလက်ထဲက ph ကိုယူကြည့်လိုက်သည်။

Fashion show က 2ရက်ပြသမည်ဖြစ်ပြီးလူငယ် Designer Jennie Kim ရဲ့ designတွေကို ပြသသွားမည်ဖြစ်ကြောင်း။

"ကိုယ်တို့ကိုတော့သူတွေ့လောက်မှာမဟုတ်ပါဘူး''

"Sooကသူ့ကိုတွေ့ရင်ရော''

"သြော် Jennie Kim ပဲဆိုပြီး ပြီးသွားလိမ့်မယ်''

"Lice မသိပါဘူး''

"ကိုယ်သိပါတယ် ကိုယ်လည်းသူနဲ့သိလာတာ ဆယ်နှစ်နီးပါးရှိပြီပဲ Soo က ဘယ်အရာကိုမှအစွဲအလန်းမကြီးတတ်ဘူး''

"ခြွင်းချက်တွေရှိတယ်Liceရဲ့''

"ထားပါလေ ဒါမှမဟုတ် လည်း ကိုယ်တို့မသွားရုံပေါ့''

RHYME🌠Where stories live. Discover now