XI

1.3K 203 2
                                    

နံနက်ခင်းသူမနိုးလာတော့ဘေးနားမှာ Jennie မရှိတော့။ ဘယ်အချိန်ကတည်းက ထပြန်သွားလဲမသိ။ ခဏနေတော့ Youngရောက်လာသည်။Liceတော့ပါမလာ။

"ဒီနေ့ရော နေရတာ ဘယ်လိုနေလဲ''

"ကောင်းပါတယ်''

"စောနက Jennie လာသွားတာလား သူ့ကိုတွေ့လိုက်တယ်''

"မနေ့ကတည်းက တူတူရှိနေတာ''

"မှတ်ဥာဏ်တွေပြန်ရလာပြီလား''

"ဟင့်အင်း Young ဒါနဲ့ ငါနဲ့သူက အရင်တုန်းက ချစ်သူတွေလား''

"မဟုတ်ပါဘူး''

"အဲ့ဒါဆို ငါက သူ့ကို ချစ်ခဲ့တဲ့သူနေမယ်''

"ဟုတ်တယ် Soo နင်ပြောသလိုပဲ နှလုံးသားက ဘယ်တော့မှမေ့မသွားတတ်ဘူးဆိုတာ''

ထိုနေ့က Young နှင့် စကားတွေအများကြီးပြောဖြစ်သွားသည်။ ထို့နောက် Medical Checkup လုပ်ရင်း အချိန်ကုန်သွားသည်။

သူမ ဒီနေ့ပန်းခြံထဲမှာထိုင်နေရင်း ပုံဆွဲနေသည်။
ဆွဲဖြစ်တာကတော့ မျက်လုံးတစ်စုံရယ် ပြီးတော့ မျက်ခွံပေါ်က မှဲ့နက်ရယ်။
အရိပ်တစ်ခု လာမိုးနေတာမို့သူမမော့ကြည့်လိုက်သည်။
သူမကိုပြုံးပြနေတဲ့ အမျိုးသားတစ်ယောက်။
ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ထားပြီ Smart ကျစွာရပ်နေသည်။

"Leo? "
သူမအံ့သြသွားသည်။

"Hello''

Leo က သူမအနားမှာဝင်ထိုင်သည်။
"ဘယ်တုန်းကပြန်ရောက်တာလဲ''

"ဒီမနက်ပဲ
ကို အခုဒီ ဆေးရုံမှာတာဝန်ထမ်းဆောင်တော့မှာလေ နောက်ပြီး ညီမ ရဲ့ သတင်းတွေကို John ဆီကနေကြားရပါတယ် အဲ့ဒါကြောင့် ညီမ ရဲ့ တာဝန်ခံဆရာဝန်အဖြစ် ကို တာဝန်ယူထားတယ်''

သြော် ကိုကိုကသူမအကြောင်းတွေသတင်းပ်ို့နေတာပဲ။

"ဟိုမှာရော ပျော်ရဲ့လား''

"ပျော်တယ်လို့လည်းမဟုတ်ပါဘူး ကိုယ့်တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နေရင်းနဲ့ပဲအချိန်ကုန်သွားတာ''

Leo က ကိုကို့သူငယ်ချင်းဖြစ်ပြီး သူမထက်၎နှစ်ကြီးသည်။ အကိုလို့လည်းမခေါ်ချင်၍ ဒီအတိုင်း Leo လို့သာခေါ်ဖြစ်သည်။ သူမ အထက်တန်းထိကို နော့တန်မှာပဲတက်ပြီး နောက်တော့ ကိုကိုရှိရာ အော်လီရွန် ကိုပြောင်းလာခဲ့သည်။ အဲ့ဒီမှာLeo နှင့်စသိခြင်းဖြစ်သည်။ လေးနှစ်နီးပါး Leo က သူမကို ဇွဲရှိရှိနှင့် ချစ်ခွင့်ပန်ခဲ့သည်။ နောက်တော့ NGO အဖွဲ့နှင့်ပါသွားကာ 5နှစ်ကြာမှ အခုလိုပြန်တွေ့ရခြင်းဖြစ်သည်။

RHYME🌠Where stories live. Discover now