Part-34

4.5K 640 48
                                    

Unicode...

"ကျွန်​တော် ကတိတည်ပါတယ်​နော်"

သိန်းတစ်ရာထုပ်ကို ဥက္ကဌကြီး​ရှေ့ချ​ပေးရင်း ရုပ်ရှင်ထဲက မင်းသား​တွေလို ဒိုင်ယာ​လော့​လေး​ရွတ်လိုက်တယ်။ ​ဘေးမှာ ဦးတာလည်းပါတယ်ရယ်။

"ဒီ​ငွေ​တွေက​ရော ​ငွေဖြူ​တွေဆိုတာ​​သေချာရဲ့လား"

"ဟက်...ကျွန်​တော့်အ​ဖေဆီက အ​မွေရလာတာဗျ"

"​ကောင်းပြီ​လေ...ဒီ​​​ငွေတွေနဲ့ပတ်သက်ပြီး ပြဿနာတက်လာရင် ဆက်သွယ်ရပါလိမ့်မယ်"

ဦးတာလည်း မ​နေနိုင်တာနဲ့ ဝင်​ထောက်ခံရင်း သိန်းတစ်ရာကိစ္စက ဒီမှာတင် ပြီးသွား​တော့တယ်။ အင်း...ဆိုင်ပြန်ဖွင့်မှ။ ​ဖောက်သည်​တွေ​တောင်ပျက်ကုန်ပြီထင်ပါရဲ့။

"​တေ​ဇော"

"​​ပြော ဦးတာ"

"ညကျရင် ဆိုင်ကို​စော​စောပိတ်​ပေးပါလား...မီး​လေးတို့ကို​ခေါ်ပြီး မင်းတို့နဲ့အတူ ညစာစားချင်လို့...တစ်ဆိုင်လုံးကို တစ်ညလုံး ငါငှားမယ်ကွာ"

"အာ...မဟုတ်တာ ဦးတာကလည်း...အခုကိစ္စမှာ ဦးတာကူညီလို့လွယ်လွယ်ပြီးခဲ့တာ...ငှားစရာမလိုပါဘူး...ဦးတာရဲ့ မီး​လေးတို့ကိုသာ​ခေါ်ခဲ့...ကျွန်​တော် ​ကျွေးပါ့မယ်"

"ကဲ...ဒီလိုဆိုလည်း သ​ဘောပါ"

ဦးတာက ကျွန်​တော့်ကိုဆိုင်ပြန်ပို့ပြီး သူကစခန်းကိုပြန်သွားတယ်။ ခခက အ​​နောက်ထဲမှာအလုပ်ရှုပ်​​နေတာမို့ နှုတ်​တောင်ဆက်မသွားဘူး။

ဆိုင်ခန်း​ထောင့်မှာ~~~

အံမယ် အံမယ်...ဝဏ္ဏအစုတ်အပြတ်။ အလုပ်မလုပ်ဘဲ ​ထောင့်မှာဖုန်း​ပြော​နေတယ်။ ဒီ​လောက်ကြာ​နေရင်​တော့ သိသာပါပြီ။ ဒါ ဟိုမွေးရကျိုးမနပ်တဲ့က​လေးပဲ။ ကျွန်​တော်လည်း မသိမသာခိုးနား​ထောင်လိုက်​သေးတယ်။ သင်းက ကျွန်​​တော်အ​နောက်မှာ​ ​ရောက်​နေတာ​တောင် မသိဘူး။

"​သေချာပါတယ်ဆို"

"......"

"​ဟောဗျာ...မှာတဲ့အတိုင်းပဲ​လေ"

"....."

"မဟုတ်ပါဘူး...သူငယ်ချင်း​တွေကလည်း အဲလိုလူစားမျိုး​တွေမဟုတ်ဘူး"

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now