Part- 7

11K 1.2K 34
                                    

ညနေရောက်တော့ Xiaozhan ပြန်ရောက်လာသည်။ ဂိမ်းကစားနေချင်ဟန်ဆောင်ပြီး Yiboက Xiaozhan ကို ချောင်းကြည့်လိုက်သည်။ အရမ်းကို မြူးတူးနေတဲ့ မျက်နှာနဲ့ ပြန်လာမလား ဆိုပြီး..ဒါပေမဲ့ မျက်နှာက ပုံမှန်အနေအထားတိုင်းပဲမို့ Yiboက ဂရုမစိုက်ဟန် ဖမ်းကာ ဂိမ်းကို သာ အာရုံစိုက်နေပုံ ဟန်ဆောင်လိုက်သည်။

"Yibo...."

"ဟင်...."

"ငါပြန်လာတာကို ဘာမှလဲမမေးဘူး"

"ဟမ်..ဘာမေးရမှာလဲ..မေးရအောင် ငါက Receptionလဲ မဟုတ်"

"အရင်ကဆို မင်းက ငါ့ကို ပြန်လာပြီလား ဘာညာမေးနေကြလေ"

"အခု ငါ ဂိမ်းဆော့နေလို့ မမေးတာ"

"မင်း ငါ့ကို စိတ်ဆိုးနေတာလား"

"မဆိုးပါဘူး"

"ပန်းချီသင်တန်းကိစ္စက မင်းကို တမင်မပြောတာ မဟုတ်ပါဘူး..မနေ့ကမှ သူက သင်တန်းတွေ့ထားတယ်..ငါ့အတွက်လဲ စာရင်းပေးထားတယ် ပြောလို့ အားနာတာနဲ့ တက်လိုက်တာ"

ချီးပဲ။ အဲ့မှာ တစ်သက်လုံး အားနာနေလိုက် Xiaozhan ရေ။ အားနာကောင်းလို့ ကလေးတွေတောင်းနဲ့ လိုက်ကောက်နေရဦးမယ်။

စိတ်ထဲကနေ အားရ ပါးရ ကြိမ်ဆဲနေပေမယ့် အပြင်က Yiboကတော့ Phကနေ အကြည့်မခွာပဲ

"အင်း.."

"မင်းစိတ်ဆိုးနေတယ်မလား"

"မဆိုးပါဘူး..မင်းမှာလဲ တခြားသူငယ်ချင်းရှိရမှာပေါ့..ငါတစ်ယောက်ထဲ ပေါင်းနေလို့မှမရတာ..ငါလဲ တခြား သူငယ်ချင်းရှာဖို့ ဆုံးဖြတ်ထားတယ်..မင်းပန်းချီသင်တန်းသွားတဲ့ အချိန်တွေ သူနဲ့ အချိန်ဖြုန်းရအောင်လို့လေ"

"ဘယ်သူလဲ.."

Yiboစိတ်ထင်လို့ပဲမလား မသိ။ Xiaozhan အသံက နည်း နည်းတင်းမာသွားသလိုပဲ။

"ဟိုနေ့က ငါ့ကို ဒိန်ချဉ်ဘူး လာပေးတဲ့ ကောင်မလေးလေ..သူက ခင်စရာ ကောင်းမယ့်ပုံလေးပဲ"

"ဘာလို့ မိန်းကလေးလဲ"

"ဟမ်...မင်းလဲ မိန်းကလေး သူငယ်ချင်းရှိနေတာ..ငါလဲ လိုချင်တာပေါ့"

"ဒါပေမဲ့ သူက မင်းကို သူငယ်ချင်းလို သဘောထားတာမှ မဟုတ်တာ"

ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်)Where stories live. Discover now