Part- 10

11.8K 1.2K 121
                                    

Yibo ဆေးလိပ်ဘူးထဲက ဆေးလိပ် တစ်လိပ်ပြီးတစ်လိပ်ပြီး သောက်ရင်း  အတွေးနယ် ချဲ့ကာ အိပ်မပျော်နိုင်ဖြစ်နေတယ်။ဒီတစ်ခါလဲ သူ ကျောက်ရှင်းအာ ကို ရှုံးပြန်ပြီလား။
အတိတ်တုန်းက လဲ ဒီလိုပါပဲ။ Yibo အနာကျင်ဆုံး ဖြစ်ခဲ့ရတဲ့ ဒီနေ့လို နေ့ ပဲပေါ့။ အဲ့တုန်းက Xiaozhan မွေးနေ့ နီးပြီ ဖြစ်တာကြောင့် Yiboက Xiaozhan ကို လိုချင်တဲ့ ပြောတဲ့ ဖိနပ်လေးကို တစ်မြို့လုံး က Shopping Centre တွေမှာ ပတ် ဝယ်နေတဲ့ နေ့ပေါ့။ Size မရှိတာရယ် Xiaozhan လိုချင်တဲ့ အနီရောင်မရှိတာရယ်ကြောင့် ခက်ခက်ခဲခဲကို ပတ်ဝယ်ရတယ်။ Shoping Centre လေး ခုလောက်ပတ်ပြီး ချိန်မှာ ဖိနပ်လေး ရလာတော့ အရမ်းဝမ်းသာပြီး Xiaozhan ဆီ အပြေးသွားခဲ့တယ်။ သွေးခြေဥ အောင် လမ်းလျှောက်ခဲ့ရလို့နာကျင်နေ တာကိုတောင် ဂရုမစိုက်နိုင်ပဲ Xiaozhan ဆီ လာခဲ့ပေမယ့် Xiaozhan ကတော့ ကျောက်ရှင်းအာ ရဲ့ လက်ကို ချိတ်ကာ သူ့ကို ကြိုနေခဲ့တယ်။

"Yibo...ငါ ရှင်းအာနဲ့ ချစ်သူ ဖြစ်သွားကြပြီ"

"ဝမ်းသာပါတယ် Xiaozhan "

Yiboက နာကျင်မှု့တွေကို ဟန်လုပ်ပြုံးကာ Xiaozhan ကို ဂုဏ်ပြုပေးလိုက်တယ်။ဆက်နေရင် ငိုမိမှာစိုးလို့  ဝယ်လာတဲ့ ဖိနပ်လေးကို XiaoZhan ဆီ ပေးပြီး  ထွက်သွားဖို့ ဆုံးဖြတ်လိုက်ကာ ဖိနပ်လေးကို ထုတ်မည်အလုပ်..

"ကို...မွေးနေ့ နီးပြီမလား...ရှင်းအာ က ကို့အတွက် လက်ဆောင်ဝယ်ထားတယ်..ခုထဲက ကြို လက်ခံလိုက်တော့နော်"

ကျောက်ရှင်းအာပေးတဲ့ ဘူးလေးကို Xiaozhan ဖွင့်လိုက်တဲ့ အခါ အထဲ က ဖိနပ်လေးက Yibo အခု Xiaozhan ကို ပေးမယ် လုပ်ထားတဲ့ ဖိနပ်နဲ့ တစ်ပုံစံထဲပါပဲ။

"ဟင်...ဒါ ကိုယ်အရမ်းလိုချင်နေတဲ့ ဖိနပ်လေးပဲ"

"အင်း..ကို တစ်ခါ ပြောဘူးတာကို ရှင်းအာ မှတ်ထားတာလေ..ဝတ်ကြည့်လိုက်ပါဦး"

Xiaozhan က ချက်ချင်း ပဲ ဖိနပ်ကို ဝတ်လိုက်ကာ..

"ကျေးဇူးပါ.. ရှင်းအာ..ကိုယ် တန်ဖိုးထားပြီး စီးပါမယ်"

Yiboက ထိုမြင်ကွင်း ကို ကြည့်ကာ Xiaozhan ကို ပေးဖို့ လုပ်ထားတဲ့ ဖိနပ်ဘူးလေးကို ပြန်သိမ်းလိုက်မိတယ်။

ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်)Where stories live. Discover now