Part- 14

11.4K 1.2K 40
                                    

"ကိုယ် မင်းကို မပြောပြရသေးတာ တစ်ခုကျန်သေးတယ်"

"ဟင်...ဘာများလဲ"

Xiaozhan က သိချင်စိတ်နဲ့ မျက်လုံးလေးပြူးပြီးပါးလေးဖောင်းနေသည့် Yiboကို တင်းကျပ်စွာဖက်လိုက်ပြီး....

"ကိုယ် ကမင်းလိုပဲ ပြန်မွေးဖွားလာခဲ့တာ"

"ဘယ်လို..."

"ဟုတ်တယ်..Yibo ဒီတစ်ခါ မင်းနဲ့ လက်မထပ်ရပဲ ကျောက်ရှင်းအာ နဲ့သာ လက်ထပ်ဖြစ်ခဲ့ရင် ကိုယ် Mission ရှုံးပြီး တကယ်သေ သွားခဲ့မှာ..."

"ဒါဆို...မင်း...မင်းက ဘာယ်လို ဖြစ်ပြီး ပြန်မွေးဖွားလာတာလဲ...ငါကသေ သွားလို့လေ..မင်း..မင်းက အကောင်းကြီးရှိနေသေးတာမဟုတ်ဘူးလား"

"ကိုယ် အားလုံး ပြောပြမယ်"

................
Past Life
Xiaozhan 's Pov....

"အာ....ဟိုဘက် ကနေထွက်လာပြန်ပြီ....အာ..ငါရှုံးတော့မှာပဲ..."

Xiaozhan က အသံပေါင်းစုံ ထွက်နေပြီး မျက်နှာအမူအယာပေါင်းစုံပြောင်းကာ Gameဆော့နေတဲ့ ကောင်လေးကို ကြည့်ကာ ပြုံးလိုက်မိသည်။ ဘယ်လိုကြည့်ကြည့် ချစ်ဖို့ ကောင်းနေတော့တာပဲ....

"အာ...သွားပြီ..ရှုံးသွားပြီ..S**t ပဲ"

"ရှုံးသွားပြီလား"

"အင်း"

"အဲ့ဒါဆို ငါHotpot သွားစားမလို့ လိုက်ခဲ့ ပါလား.."

"အာ...မလိုက်ချင်ပါဘူး"

"ဘာလို့လဲ Yiboရာ..လုပ်ပါကွာ..ငါတစ်ယောက်ထဲသွားစားရမှာပျင်းလို့"

"ငါ ခုနက ရှုံးသွားတာကို မကျေနပ်ဘူး ပြန်ကစားဦးမှာ..မင်းတစ်ယောက်ထဲသွားစားလိုက်တော့..အပြန်ကျ ငါ့အတွက် တစ်ခုခုဝယ်ခဲ့နော်"

Xiaozhan ခေါင်းညိမ့်ပြလိုက်ပေမယ့် စိတ်ထဲတော့မကောင်းမိ။ သူ ဗိုက်ဆာနေတာ တောင် ဒီကောင်လေးနဲ့ အတူသွားစားချင်လို့ စောင့်နေခဲ့တာ။ ဒီကောင်လေး ကတော့ အမြဲတမ်း သူ့ကို ငြင်းနေတာ ချည့်ပါပဲ။ သူ ခေါ်တိုင်း လိုက်တဲ့ အခေါက်ဆိုတောင် လက်ချိုးရည်လို့ရတယ်။ ထမင်းစားဖို့ ခေါ်လဲ မလိုက်။ အပြင်ထွက်ဖို့ ခေါ်လဲ မလိုက်။ သူခေါ်တိုင်း ဆယ်ခါမှာ ကိုးခါက အငြင်းခံရတာချည့်ပဲ။

ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်)Where stories live. Discover now