Part- 13

11K 1.2K 100
                                    

မကြာခင် မိုးလင်းတော့မည်။ Yibo ရင်ထဲမီးလို လောင်ကျွမ်းနေရသည်။ ဒီအချိန်ထိ Xiaozhan ကို ဆက်သွယ်လို့မရဘူးဆိုတော့ သေချာနေပြီ။ ကျောက်ရှင်းအာရဲ့ အကွက်ထဲ Xiaozhan ရောက်သွားပြီ။ သူမှားသွားတာ....သူသာလိုက်သွားခဲ့လျှင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီတစ်ခါမှာရော ကျောက်ရှင်းအာ က သူ့အပေါ်အနိုင်ယူသွားဦးမှာလား။ Yibo အတွေးတွေက အတိတ်ကို ပြန်ရောက်သွားသည်။

..................

ဖုန်းကြည့်နေတုန်း မျက်စိရှေ့ ရောက်လာသည့် စာအိတ်တစ်ခုကြောင့် မော့ကြည့်လိုက်တော့ ကျောက်ရှင်းအာ ဖြစ်နေသည်။

"ဘာလဲ..."

"ကြည့်လိုက်..."

"ဘာမို့လို့ ကြည့်ရမှာလဲ..မကြည့်ဘူး..စိတ်မဝင်စားဘူး "

"ငါနဲ့ Xiaozhan ရဲ့ ကလေးလေးရဲ့ Ultrasound လေ...နင် မကြည့်တော့ဘူးလား"

သူမစကားကြောင့် Yibo လက်ထဲက ဖုန်းလေး မြေပြင်ကို ပြုတ်ကျသွားသည်။ သူမ က ကြည့်ကာ ရယ်လိုက်ပြီး...

"နင်တော်တော် တုန်လှုပ်သွားတာပဲ..မြင်ရတာ ကျေနပ်လိုက်တာ "

"ငါ့ကို ဒါလာပြတာ ဘာသဘောလဲ "

"နင့်ရဲ့ ရှုံးနိမ့်မှု့တွေကို ပိုမြင်စေချင်လို့ လေ..နင်ရဲ့ နာကျင်မှု့တွေကိုငါ ကိုယ်တိုင် မြင်ချင်လို့..."

"မင်း..."

"ကျွတ်...ကျွတ်..ငါ နင့်ကို အရမ်းသနားတာပဲ Wang Yiboရယ်...နင်မရခဲ့တဲ့ Xiaozhan အချစ်တွေကို ငါပဲ ရသွားသလို နင်မမွေးပေးနိုင်တဲ့ Xiaozhan ရဲ့ကလေးကိုလဲ ငါအခု လွယ်ထားရပြန်ပြီ...နင်ကတော့ ရှုံးပြီးရင်း ရှုံးနေတော့တာပဲ"

"ကျောက်ရှင်းအာ... မင်းပါးစပ်ကို ပိတ်လိုက်တော့"

"Yibo...."

Xiaozhan က သူတို့နားရောက်လာကာ ကျောက်ရှင်းအာ ပခုံးကို ဖက်လိုက်ပြီး Yiboကို ကြည့်ကာ..

"ဘာလို့ ရှင်းအာကို အော်နေရတာလဲ...လန့်သွားလိမ့်ဦးမယ်...သူက အခုမှ ကိုယ်ဝန် စရှိခါစ....ဘာဖြစ်သွားသေးလဲ ရှင်းအာ"

"ဘာမှမဖြစ်ပါ ဘူးကိုရယ်...ရှင်းအာက Yiboကို ရှင်းအာတို့ မင်္ဂလာပွဲ မှာ သတို့သားအရံ လုပ်ပေးဖို့ ပြောတာ...သူက စိတ်ဆိုးသွားတယ် ထင်တယ်..ရှင်းအာကို အော်ပါလေရော"

ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်)Where stories live. Discover now