Part -15 (Ending)

17.2K 1.4K 187
                                    

"ဒါဆို...မင်း...မင်းက ငါ သေ သွားပြီးနောက်နေ့မှာ သေ သွားခဲ့တာပေါ့"

"အင်း...."

Xiaozhan ရဲ့ စကားအဆုံးမှာ Yibo မျက်ရည်တွေကျလာပြီး Xiaozhan ရင်ဘတ်ကို ထု ရိုက်ကာ..

"အရူး..အရူးရဲ့...သေစရာလား....ငါသေတာနဲ့ မင်းက လိုက်သေရလား...မင်းရူးနေလား Xiaozhan ရဲ့"

Xiaozhan က သူ့လက်တွေကို ချုပ်ကိုင်ကာ မျက်ရည်တွေကို သုတ်ပေးပြီး..

"မရိုက်နဲ့တော့... လက်တွေ နာကုန်လိမ့်မယ်..."

"အရူး...အရူးရဲ့...မင်းက ဘာလို့ လိုက်သေရတာလား...အီး...ဟီး"

"မငိုပါနဲ့တော့ Yiboရာ...ပြီးခဲ့တဲ့ တာတွေက ပြီးသွားပြီပဲ...မငိုပါနဲ့ တော့"

"တိုက်ပေါ်က ခုန်ချတာ အောက်ကျတဲ့ အချိန် မင်းဘယ်လောက် များ နာကျင်ခဲ့ရမလား..အီး..ဟီး..အရူး.."

"တိတ်တော့...မငိုနဲ့တော့ နှပ်ချေးတွေလဲ ထွက်ပြီး ညစ်ပတ်နေပြီ...ကလေး ကျနေတာပဲ "

"ညစ်ပတ်ပါစေ...အီး..ဟီး"

"တိတ်တော့...မတိတ်ရင် ကိုယ် အခု ဒီနေရာမှာတင် ဖက်နမ်းပစ်မှာ နော်"

"နမ်းပေါ့...ငိုမှာပဲ..အီး...ဟီး..အွန့်"

Xiaozhan က တကယ်ကြီးကို နမ်းလိုက်တာကြောင့် Yibo တွန်းထုတ်လိုက်ကာ..

"ဘာဖြစ်နေတာလဲ...လမ်းမကြီးပေါ်မှာ.."

"မင်းပဲ နမ်းဆိုလို့လေ"

"ပြောတိုင်း လုပ်ရလား...ဒါနဲ့...နေစမ်းပါဦး... မင်းက ငါ ပြန်မွေးဖွားလာမှန်း သိနေတာလား"

"အစက မသိဘူး...နောက်ပိုင်း မင်း အပြုအမှု တွေက အရင်ကနဲ့ မတူပဲ ပြောင်းလဲသွားမှ မင်းလဲပြန် မွေးဖွားလာတာ ဆိုတာရိပ်မိသွားတာ..."

"အဲ့ဒါကို ငါ့ကို ဘာလို့ မပြောရတာလဲ...ပြီးတော့ ကျောက်ရှင်းအာ အကြောင်းကို သိနေရက်နဲ့ ဘာလို့ အရောဝင်နေလဲ"

"စည်းကမ်းကြောင့်ပါ..ကိုယ် ပြန်မွေးဖွားလာတာ မင်းသိလို့မရဘူးတဲ့..ကျောက်ရှင်းအာ ကိုလဲ ရှောင်နေလို့မရဘူး..ကိုယ့်ကို သူ့လက်ထဲကနေ မင်းပဲ ဆွဲထုတ်ရမှာ..ကိုယ့်ဟာကိုယ် ရုန်းလို့မရဘူး...ကိုယ်ဘာမှ လုပ်လို့မရဘူး..အရာရာတိုင်းက မင်းပဲ ကြိုးစားရမှာ"

🎉 You've finished reading ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်) 🎉
ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်)Where stories live. Discover now