Part- 8

11.1K 1.2K 75
                                    

နှာခေါင်းထဲကို ဝင်လာသည့် ခေါက်ဆွဲ ပြုတ်နံ့မွှေးမွှေးလေးကြောင့် Yibo နိုးလာသည်။ မျက်လုံးတွေကို ဖွင့်ကာ ဘေးဘီကို ကြည့်တော့ Xiaozhan ကို မတွေ့တာကြောင့် အလိုမကျ ဖြစ်သွားသည်။ ဘယ်ရောက်သွားပြန်တာလဲ....။

အိပ်ရာမှကာ အခန်းထဲအနှံ့ Xiaozhan ကို ရှာပေမယ့် မတွေ့တာကြောင့် အခန်းတံခါးကိုဖွင့်လိုက်တော့ ဝရံတာမှာ ကုန်းကုန်း ကုန်းကုန်းနဲ့ တစ်စုံတစ်ခု ကို အာရုံစိုက်နေသည့် Xiaozhan ကျောပြင်ကို မြင်လိုက်ရသည်။

"Xiaozhan ဘာလုပ်နေတာလဲ "

သူ့အသံကြားတော့ Xiaozhan က အလန့်တကြား ပုံစံနဲ့ နောက်ကို လှည့်ကြည့်ကာ

"နိုး...နိုးပြီလား"

"အင်း..စောစောစီစီး မင်းဘာလုပ်နေတာလဲ"

"ပန်းချီဆွဲနေတာ"

"ဟုတ်လား..ဘာပုံဆွဲနေတာလဲ..ငါ့ကို ပြဦး"

Xiaozhan က ပန်းချီကားကို ဖွက်လိုက်ကာ..

"နောက်မှကြည့် အားလုံးပြီးသွားမှ ပြမယ်"

"ငါအခုကြည့်ချင်တာ..ဘာပုံလဲ"

Xiaozhan ကမတ်တပ်ရပ်လာပြီး အိပ်ရာထကာစ ထိုးထိုးထောင်ထောင်ဖြစ်နေသည့် Yibo ဆံပင်တွေ ကို ဆွဲဖွကာ

"နောက်မှကြည့်ပါ ကြက်ပေါက်လေးရာ"

"ဟေ့ရောင်.. ငါ့ကိုဘာလို့ ကြက်ပေါက်လေးလို့ ခေါ်တာလဲ"

"မကြိုက်ဘူးလား..ဒါဆို ဝက်ပေါက် လေးလို့ ခေါ်ရမှာလား"

Xiaozhan က Yibo နှုတ်ခမ်း ကိုဆွဲညစ်ကာ ပြောလိုက်သည်။

"အွန့်..."

စကားပြောပြန်ချင်ပေမယ့် နှုတ်ခမ်း အညစ်ခံထားရတာကြောင့် မပြောနိုင်ပဲ ဝူးဝူးဝါးဝါး ဖြစ်ကာ စိတ်တိုနေသည့် Yiboကို ကြည့်ပြီး Xiaozhan က တဟားဟား အော်ရယ်ပြီးမှ ပြန်လွှတ်ပေးလိုက်သည်။

"အား..သေအောင် ညစ်ရလားကွ..ငါ့နှုတ်ခမ်း နာသွားပြီ"

Xiaozhan က ရုတ်တရက် Yibo နှုတ်ခမ်းကို လက်မဖြင့်ပွတ်ဆွဲကာ..

"အရမ်းနာသွားတာလား"

နှုတ်ခမ်း ပေါ်မှ Xiaozhan လက်မလေးရဲ့ အထိအတွေ့ က Yiboကို နားရွက်ဖျားတွေ ရဲလာစေပြီး ရင်တွေခုန်စေလာသည်။ Yiboက Xiaozhan ကို တွန်းလိုက်ပြီး..

ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်)Where stories live. Discover now