Part- 1

15.8K 1.4K 147
                                    

"ချီးပဲ သေမင်းစုတ်... ငုံး.."

Yiboကစိတ်ထဲကနေ System ကို ကြိတ်ဆဲနေမိသည်။

"သေမင်း ကို ဆဲတယ်ပေါ့.. မင်းက..နှလုံးသားလေးနာကျင်လိုက်တာ"

". .ဘာလို့ ​ရုတ်တရက် ​ပေါ်လာရတာလဲ..လန့်လိုက်တာ​ဟ..​စောက် Dramaပေါင်း တစ်သိန်းခြောက်သောင်းလာလုပ်မပြနဲ့..ဖား..ခရု..ငုံးပဲ.. သေမင်း"

"မင်းဆဲတာကလဲ ငါ ပင်လယ်စာတွေတောင်စားချင်လာပြီ..ဖားကင်..ခရုကင်..ငုံးကင်..စားလိုက်ရရင်ဖြင့်..အိုက်ယား"

"ငတ်ကြီးကျမနေနဲ့..မင်းလုပ်တာ..ငါ ကျောင်းလဲ ပြန်တက်ရမယ်..စာမေးပွဲ တွေလဲဖြေရမယ်..စာလဲ ပြန်ကျက်ရမယ်..အဲ့ဒါတွေက Crushက ပြန်မကြိုက်တာနီးပါး နာကျင်တယ်ကွ "

"မင်းကလဲ...ငါမင်းကို အချိန်ရအောင်ပေးတာလေ..ဘာလဲ မင်းက မလိုချင်ဘူးလား..ဒါဆို ငါ Xiaozhan လက်မထပ်ခင် အချိန်ခြောက်လအလိုကို ပြန်သွားပေးရမလား"

"ချီး..အဲ့အချိန်ရောက်ရင် Xiaozhan ဆိုတဲ့အကောင်က ဟိုမြေခွေးမနဲ့ မိုးမမြင်လေမမြင်သာယာနေပြီ..ငါ ကြိုးစားလဲအလကားပဲ"

"အဲ့ဒါကြောင့် ငါမင်းကို အချိန်ရအောင် ပိုပေးတငါလေ..ငါ မင်းကိုပြောစရာရှိလို့ ပြန်လာတာ Wang Yibo. .ငါ့အမှားအတွက် အလျှော်ပေးတဲ့အနေနဲ့ မင်းကို လူပြည့် ပြန်ပို့လိုက်တာ..မင်းလုပ်ရမှာတစ်ခုရှိတယ်..အဲ့ဒါကို မလုပ်နိုင်ရင် မင်း သေ သွားတဲ့ နေ့ရက်မှာပဲ တူညီတဲ့ဖြစ်စဉ်နဲ့ မင်းကို ငါတကယ်ခေါ်ရလိုက်မယ်"

"မင်းက ငါ့ကိုခေါ်သွားမယ်ဆိုတော့ ငါက သေမှာပေါ့"

"အေးပေါ့..သေမင်းက မင်းကို Hotpot ကျွေးဖို့ ခေါ်တယ်များထင်နေလား."

"ငါမသေချင်သေးဘူး.."

"ဒါဆို မင်းလုပ်ရမယ့် အလုပ်ကို အောင်မြင်အောင်လုပ်လေ"

"ငါဘာလုပ်ရမှာလဲ"

"Xiaozhan ရဲ့ လက်ထပ်ပွဲမှာ သူနဲ့ လက်တွဲရမယ့် သူက မင်းဖြစ်အောင်"

"သြော်..လွယ်လွယ်လေး ခိုးပြေးလိုက်မှာပေါ့"

"မရဘူး ဟေ့ကောင်..Xiaozhan က မင်းကို ကြည်ကြည်ဖြူဖြူ ချစ်ပြီး လက်ထပ်မှ အောင်မြင်တယ်လို့ သတ်မှတ်တာ."

ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်)Where stories live. Discover now