အခန်း (၅)/ အခန္း (၅)

2.9K 640 2
                                    

Unicode

ချောင်ယွီက ရွှေလှောင်အိမ်လိုအိမ်ကြီးထဲမှာ အတင်းပိတ်လှောင်ခံထားရတယ်။ သူ့မှာဖုန်းရှိပေမယ့်လည်း သူ့အိမ်မှာတော့ဖုန်းမရှိပေ။ ဖုန်းရှို့နဲ့ဘယ်လိုအဆက်အသွယ်လုပ်ရမလဲဆိုတာ သူမသိချေ။

စူ့အဖွားကကျန်းမာရေးမကောင်းပေ။ အကယ်၍ သူမသာတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် အဲ့ကောင်ဂရုမစိုက်မှာကို သူစိုးရိမ်နေမိတယ်။ ချောင်ယွီ စိတ်ပျက်လက်ပျက်နဲ့အိပ်ရာပေါ်မှာထိုင်နေတယ်။ သူ့ခန္ဓာကိုယ်ကို ဖုန်းရှို့ဘယ်လိုလုပ်သလဲဆိုတာ သူဂရုမစိုက်တော့ပေ။ သူ့အဖွားက သူ့ရဲ့ကျန်ရှိတဲ့တစ်ဉီးတည်းသောဆွေမျိုးပင်။

ဒါပေမယ့် စိတ်ပျက်လက်ပျက်ဖြစ်နေတာက သူ့ရဲ့စွမ်းအားတွေကိုဖြုန်းတီးပြစ်နေတာပဲ။

မနက် တစ်နာရီ, နှစ်နာရီအတွင်းမှာ သူ့ဖုန်းမြည်လာ၏။

တစ်ဖက်သူရဲ့အသံက အနည်းငယ်ပြောင်းလဲသွားပေမယ့်လည်း ဒါကသူ့အသံဆိုတာကိုမှတ်မိသေးသည်။

ဒါက ဖုန်းရှို့ပဲ!

ချောင်ယွီလျင်မြန်စွာမေးလိုက်တယ်။ "ငါ့အဖွားရော? ငါ့အဖွားရောဘယ်လိုနေလဲ?"

"အဖွားကနေကောင်းပါတယ်"

ချောင်ယွီ စိတ်သက်သာရာရသွားတာကြောင့် သက်ပြင်းချလိုက်တယ်။

ထို့နောက် ဖုန်းရှို့ပြောလိုက်တယ်။ "မင်း ဘာလို့အထဲမှာရှိနေသေးတာလဲ? ပိုက်ဆံနည်းနည်းယူပြီးထွက်လာခဲ့"

ချောင်ယွီအခက်တွေ့သွားရတော့သည်။ "မင်းအဖေက လူတွေလွှတ်ပြီးစောင့်ကြည့်ခိုင်းထားတာ, ငါဘယ်လိုလုပ်,လုပ်လို့ရမှာတုန်း"

"ငါ့အိပ်ရာအောက်မှာ အပေါက်သေးသေးလေးရှိတယ်။ တွေ့လား"

ခေါင်းယွီ သူ့ပါးကိုကြမ်းပြင်နဲ့ကပ်ပြီး အိပ်ရာအောက်ကိုငုံ့ကြည့်လိုက်တယ်။ တကယ်ကို လေးထောင့်ပုံစံအပေါက်ငယ်ရှိနေ၏။

"မြင်တယ်, မြင်တယ်" ချောင်ယွီပြန်ပြော၏။

ထို့နောက် ဖုန်းရှို့ပြော၏။ "ဗီရိုလေးဆင့်မြောက်ရဲ့ဒုတိယအံဆွဲထဲမှာ အိပ်ရာခင်းအစလေးစရှိတယ်"

ချစ်စရာအကောင်းဆုံးသောအရပ်ကွာခြားမှု (ဘာသာပြန်) ✔️Where stories live. Discover now