အခန်း (၆)/ အခန္း (၆)

2.8K 614 1
                                    

Unicode

ညဘက်မှောင်နေတာကိုအကြောင်းပြုပြီး ချောင်ယွီကနံရံကိုပြန်တက်သွားခဲ့တယ်။ ဒီလိုမျိုးတစ်ခါမှမလုပ်ဖုးတာကြောင့် သူ့တက်တဲ့နည်းလမ်းက ဆိုးဝါးနေ၏။ ဖုန်းရှို့က သူ့ကိုအောက်ကနေမော့ကြည့်နေပြီး ခဏခဏရယ်သွမ်းသွေးနေတော့သည်။

နောက်နေ့မှာတော့ ဖုန်းရှို့ကသူ့ဖုန်းအသစ်လေးကိုအသုံးပြုပြီး သူ့အဖွားချက်ပြုတ်လျှော်ဖွတ်နေတဲ့ဗီဒီယိုကိုပို့လာလေတယ်။

ချောင်ယွီက ဖုန်းရှို့ရဲ့ဖုန်းအဟောင်းလေးကိုအသုံးပြုတယ်ဆိုပေမယ့်လည်း အရင်ကအသုံးမပြုဖူးတာကြောင့် အချိန်ယူလေ့လာပြီးချိန်နောက်မှာတော့ အခြေခံအသုံးပြုပုံတော့လုပ်တတ်သွားလေသည်။

ဖုန်းရှို့က ဒါကိုသေချာစဉ်းစားပြီးတော့ ဗီဒီယိုကိုဆိုရှယ်မီဒီယာကိုအသုံးပြုပြီးတော့ပို့လိုက်ပြီး စာပါတစ်ပါတည်းပို့လိုက်လေ၏။

ချောင်ယွီက စာလုံးနှစ်ဆယ့်ခြောက်လုံးကိုတုန်ရီစွာနဲ့ရိုက်လိုက်တယ်။ "ဗီဒီယိုကောလို့ပြောခဲ့တာမဟုတ်ဘူးလား"

ဖုန်းရှို့ : "ဘယ်လိုလုပ်မတုန်း, မင်း ဆိုရှယ်မီဒီယာဘယ်လိုသုံးရမလဲမင်းသိလို့လား?"

ချောင်ယွီ : "တကယ်တော့ငါ့မှာ QQ ရှိတယ်, တခြားသူကငါ့ကို register လုပ်တာကို ကူညီပေးခဲ့တာ"

ဖုန်းရှို့ : "တခြားသူ? ဘယ်သူလဲ?!"

ချောင်ယွီ : "အတန်းဖော်"

ဖုန်းရှို့ : "အဖွားရှေ့မှာ ငါမင်းကို ခေါ်လို့မရဘူးလေ, အဖွားရဲ့ဆေးဖိုးကသက်သာတယ်ဆိုပြီးပဲငါလိမ်ထားလို့ရတာ, ပြီးတော့ ငါကသူမသိအောင်ပေးနေတာ, အဖွားကတုံးနေတာမဟုတ်ဘူးလေ, တကယ်လို့ငါသာသူ့အရှေ့မှာသာ ဖုန်းထုတ်ပြလိုက်မယ်ဆိုရင် အဲ့ဟာကဈေးကြီးတယ်ဆိုတာ သူမချက်ချင်းသိသွားမှာပဲလေ, မင်း အဲ့လိုမထင်ဘူးလား?"

ချောင်ယွီတစ်ခဏလောက်စဉ်းစားပြီးနောက် ဖုန်းရှို့ရဲ့စကားတွေကိုထောက်ခံလိုက်တော့သည်။ ဒါကသူ့အတွက်လုပ်ပေးတာပဲ။ ဖုန်းရှို့က ကောင်းတဲ့သူလို့ခံစားလိုက်ရတော့တယ်။ တကယ်တော့ သူကဆိုးတဲ့သူမဟုတ်ပါဘူး။

ချစ်စရာအကောင်းဆုံးသောအရပ်ကွာခြားမှု (ဘာသာပြန်) ✔️Where stories live. Discover now