အခန်း (၁၁) - အချပ်ပို/ အခန္း (၁၁) - အခ်ပ္ပို

5.3K 762 18
                                    

Unicode

********နှစ်လကြာပြီးနောက်********

ခေါင်းလောင်းသံဟာ စာမေးပွဲပြီးပြီဆိုတာကိုညွှန်ပြနေ၏။

ဖုန်းရှို့ ချောင်ယွီလက်ထဲမှဘောပင်ကိုယူလိုက်ပြီး သူ့လက်တွေကိုဆုပ်ထွေးလိုက်သည်။ "နောက်တစ်ခါကျရင် ဘာသာတွေရဲ့အချိန်ဇယားပြောင်းလို့ရမလား? မင်း အဲ့အက်ဆေးတွေအားလုံးကိုရေးလိုက်ရင် ငါစိတ်ဖိစီးသလိုခံစားရတယ်ကွာ။ အဓိကအချက်လေးတွေပဲချရေးလိုက်လို့မရဘူးလား? အများကြီးတွေရေးနေဖို့လို,လို့လားကွာ"

ချောင်ယွီက စာရွက်အထပ်လိုက်ကြီးကိုကိုင်ထားပြီး အဖြေတွေနှင့်တွဲနေ၏။ "မင်းရေးလေလေ, ပိုကောင်းလာလေပေါ့, ဒါတွေက အဖြေတိုလေးတွေပဲ။ မှားရေးမိရင် အမှတ်မလျော့ဘူးလေ, မရေးရင်တော့ အမှတ်လျော့တာပေါ့"

ဖုန်းရှို့က ချောင်ယွီလက်ကိုကိုင်ထားပြီး မှုတ်ပေးနေ၏။ ဒီလိုနူးညံ့ချောမွေ့တဲ့လက်သေးသေးလေးတွေက အက်ဆေးတွေ အများကြီးရေးတာကြောင့် အသားမာတောင်တက်နေ၏။ အဲ့ဒါက သူ့ကိုစိတ်မကောင်းဖြစ်စေသည်။ "တနင်္ဂနွေနေ့မှာတောင် ဘာလို့အဲ့လောက်အများကြီးရေးနေရတာလဲ? မင်းအနားယူသင့်တယ်လေ"

ချောင်ယွီက သူ့ကိုလျစ်လျူရှုလိုက်ပြီး အဖြေလွှာလို့သတ်မှတ်ထားတဲ့စာရွက်ပေါ်မှာ စက်ဝိုင်းတွေဆက်ဆွဲနေ၏။

တစ်ဖက်မှာတော့ ဖုန်းရှို့ သူ့ကိုနှောင့်ယှက်နေ၏။ "ငါဒီလေးလလုံးလုံး ယောက်ျားလေးနှစ်ယောက်အတူတူရှိနေတာက ပုံမှန်ပဲဆိုတာလကိခံဖို့အတွက် ကြိုးစားခဲ့တယ်။ ငါ့အဖေကလည်း ကောင်လေးရှာနေတာကို မတားတော့ဘူး"

ချောင်ယွီ သူ့စာရွက်တွေကိုသာကြည့်နေရင်း 'ဟွန်း' ဆိုတဲ့အသံ နှစ်ခါသာပြုလုပ်ခဲ့တယ်။

ဖုန်းရှို့ဆက်ပြော၏။ "နောက်ဆုံးတော့ အောင်အောင်မြင်မြင်နဲ့ သူတို့ကိုသိမ်းသွင်းပြီးတောင်မှ မင်းမှာဘာမှပြောစရာမရှိဘူးပေါ့"

ချောင်ယွီက သူ့အကြည့်တွေကိုတစ်ချက်လေးတောင်မရွှေ့ပဲ ဆက်ရေးနေသည်။ "ဘာပြောရမှာလဲ"

ဖုန်းရှို့ သူ့လက်ထဲကဘောပင်ကိုဆွဲယူလိုက်ပြီး "ချောင်ယွီလေးရယ်, မင်းမွေးနေ့ကမနေ့ကပဲလေ။ ပြီးတော့ ၁၈ နှစ်ပြည့်သွားပြီလေ"

🎉 You've finished reading ချစ်စရာအကောင်းဆုံးသောအရပ်ကွာခြားမှု (ဘာသာပြန်) ✔️ 🎉
ချစ်စရာအကောင်းဆုံးသောအရပ်ကွာခြားမှု (ဘာသာပြန်) ✔️Where stories live. Discover now