အခန်း (၉)/ အခန္း (၉)

2.9K 591 6
                                    

Unicode

ပိတ်ရက်မှာတော့ ချောင်ယွီကအိမ်မှာအိပ်စာလုပ်နေချိန် အိမ်အကူမှအခန်းတံခါးလာခေါက်၏။ "ရှို့ရှို့ မင်းကိုလာရှာနေတဲ့သူရှိတယ်"

ချောင်ယွီက အိမ်အကူနှင့် ဧည့်ခန်းထဲကိုလိုက်သွားခဲ့သည်။

တံခါးပေါက်ဝမှာတော့ အလင်းလာရာမှာပိတ်ရပ်နေတဲ့ပိန်ပိန်သေးသေးပုံစံလေးတစ်ခုကိုတွေ့လိုက်ရသည်။

ဖုန်းရှို့ပင်ဖြစ်သည်။

ချောင်ယွီက ဖုန်းရှို့ကိုအိပ်ခန်းထဲဆွဲခေါ်သွားသည်။

"ဖုန်းရှို့ မင်းရဲ့အဖေကိုလွမ်းလို့လာခဲ့တာလား? မင်းအဖေက ကုမ္ပဏီမှာပဲရှိသေးတယ်"

"အဲ့ဒါချည်းပဲမဟုတ်ဘူး" ဖုန်းရှို့ပြုံး၏။ "ငါ့ကိုငါလွမ်းလို့လေ, ငါ့ကိုယ်ငါတွေ့ချင်လို့လာတာတောင်မရဘူးလား?"

"မင်း မနေ့ကဗီဒီယိုကောခေါ်သေးတယ်မဟုတ်ဘူးလား?" ချောင်ယွီမေး၏။

"ဗီဒီယိုကောလ်ကဘာလို့ခေါ်ရတာလဲ? ငါမြင်ပဲမြင်ရတာလေ။ ထိလို့မှမရတာ.., ငါ့ကိုယ်ငါထိချင်တယ်" ဖုန်းရှို့က ချောင်ယွီရဲ့ခေါင်းထိပ်ကဆံပင်ကို လှမ်းပြိးထိချင်ပေမယ့် မမှီဘူးဖြစ်နေသည်။ သက်ပြင်းချပြီးမေးလိုက်သည်။ "မင်းဘာလို့အရမ်းပုနေရတာလဲ"

ချောင်ယွီအနည်းငယ်ရှက်သွားရပြီး သူ့ဘေးကခုံလေးပေါ်မှာထိုင်ချလိုက်သည်။ "ငါ့အဖွားပြေတာကတော့ ငါ့မိဘတွေကအရပ်မရှည်ကြလို့တဲ့"

ချောင်ယွီရဲ့မိဘတွေက အရင်တုန်းကတည်းကဆုံးသွားပြီဖြစ်သည်။ ဒီအကြောင်းအစချီလိုက်တဲ့ဖုန်းရှို့က အနည်းငယ်စိတ်မကောင်းဖြစ်သွားရသည်။ "အဲဒါ ငါအရမ်းအရပ်ရှည်နေလို့ပဲဖြစ်ရမယ်"

"မဟုတ်ဘူး, ဖုန်းရှို့, ငါအမှန်တိုင်းပြောနေတာ။ အရပ်ရှည်တာကောင်းတယ်။ မိန်းကလေးတွေက အရပ်ရှည်တဲ့သူကိုသဘောကျတယ်"

"တကယ်လား" ဖုန်းရှို့တစ်ခုခုအထာနပ်သွားသည့်ပုံဖြင့် အသံနိမ့်လိုက်ရင်း သူ့ကိုမေးလိုက်သည်။ "ဒါဆို, မင်းရော..မင်းရောအရပ်ရှည်တဲ့သူကိုကြိုက်လား"

ချစ်စရာအကောင်းဆုံးသောအရပ်ကွာခြားမှု (ဘာသာပြန်) ✔️Where stories live. Discover now