အခန်း (၇)/ အခန္း (၇)

2.8K 598 11
                                    

Unicode

သူတို့နှစ်ယောက် ပြဿနာရဲ့အဖြေကိုမရှာနိုင်တော့ပေ။ တစ်လကြာပြီးနောက်မှသာ ပြန်လည်ပြောင်းလဲသွားကြသည်။

ချောင်ယွီက သူချောင်ယွီဆိုတာကိုထပ်မပြောတော့ပေ။ နေ့တိုင်း အခန်းထဲမှာတိတ်တဆိတ်နေရင်း အိမ်စာကိုခိုးကြောင်ခိုးဝှက်လုပ်၏။ သူ အတော်လေးလိမ္မာချင်ယောင်ဆောင်ပြီး ရံဖန်ရံခါဖုန်းဟွေ့အတွက်လက်ဖက်ရည်ဝယ်ပေးပြီး ပခုံးကိုနှိပ်ပေးလေ့ရှိသည်။

‌ဒေါက်တာလီ၏ညွှန်ကြားမှုအောက်မှာ သူ၏သားကောင်းမွန်လာပြီဖြစ်ကြောင်း ဖုန်းဟွေ့လက်သင့်ခံလာ၏။ သူလည်းပဲ သူ့သားကိုမိန်းမပေးစားမည့်အစီအစဉ်ကို တဖြည်းဖြည်းအကောင်အထည်ဖော်လာ၏။

ဖုန်းရှို့ကတော့ နှစ်ဆယ့်လေးနှစ်အရွယ်ဆိုးသွမ်းတဲ့သူတစ်ယောက်အနေနဲ့ ငယ်ရွယ်သူတစ်ယောက်ရဲ့ကျင့်ဝတ္တရားကိုသိရှိသွားခဲံပြီ။

ချောင်ယွီအဖွားကိုလည်း သူ့ဘက်ကနေခရေစေ့တွင်းကျဂရုစိုက်ပေးနေတာကြောင့် ပထမဆုံးအကြိမ်အဖြစ် သခင်လေးကသူ့ပိုက်ဆံတွေကို သုံးလိုက်ခြင်းဖြစ်သည်။

ချောင်ယွီညစာစားပြီးနောက် သူ့အခန်းထံပြန်လာခဲ့တယ်။ ဖုန်းရှို့ကလည်း အချိန်ဇယားနဲ့ဗီဒီယိုပို့ပေးလိမ့်မည်။ ခုနှစ်နာရီတွင် အဖွား၏ဗီဒီယိုကိုပို့ပေးလိုက်မည်။ ညရှစ်နာရီမှာတော့ ဆရာမရဲ့စာသင်ချိန်ကိုပေးပို့လိမ့်မည်။ ရှစ်နာရီခွဲမှာတော့ ဖုန်းရှို့က သူ့ကိုဖုန်းခေါ်လာမှာဖြစ်ပြီး သူတိူ့နှစ်ယောက်ညမတိုင်ခင်အထိစကားပြောလေ့ရှိသည်။

ချောင်ယွီ သူ့အဖွားရဲဗီဒီယိုနဲ့ဆရာမရဲ့သင်ခန်းစာတွေကိုလေ့လာပြီးပြီဖြစ်သည်။ တကယ်အမှန်တိုင်းပြောရရင် သူတတိယနှစ်အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်တာကြောင့် ဆရာမရဲ့သင်ခန်းစာတွေကိုပြန်ကြည့်ဖို့မလိုပေ။ ပြီးတော့ အထက်တန်းကျောင်းရဲ့ခေါင်းစဉ်တွေအားလုံးကို ပြန်ကြည့်ပြီးဖြစ်သည်။ နောက်ဆုံးလုပ်စရာကျန်တာဆိုလို့ ပြန်လည်လေ့ကျင့်ခန်းလုပ်ဖို့သာဖြစ်သည်။ ဖုန်းရှို့တယ်ပေးထားတဲ့အက်ဆေးစာအုပ်တွေကိုလည်း အချိန်အကြာကြီးကြည့်ရှုပြီးဖြစ်သည်။ သူ့နှလုံးသားထဲတွင် ဖုန်းရှို့အတွက်ကောင်းသောခံစားချက်ဖြစ်စေသည်။

ချစ်စရာအကောင်းဆုံးသောအရပ်ကွာခြားမှု (ဘာသာပြန်) ✔️Where stories live. Discover now