အခန်း (၈)/ အခန္း (၈)

2.8K 571 7
                                    

Unicode

ညတာဟာရှည်ပြီး ဖုန်းရှို့ကလည်း ချောင်ယွီကိုအကြိမ်အနည်းငယ်လောက်ထပ်စနေသေးသည်။

သူတစ်ခစ်ခစ်ခိုးရယ်နေချိန်မှာလည်း သူ့ရဲ့မျက်နှာကိုစောင်ဖြင့်အုပ်ထားလေ၏။

"ဒီညတော့ ငါ့ကို မင်းနဲ့ဆော့ခွင့်ပြုပါ" ဖုန်းရှို့က ချောင်းယွီကိုတီးတိုးပြောနေသကဲ့သို့ အသံကိုနိမ့်ပြီးပြောလိုက်တယ်။

ဒီစာကြောင်းက ချောင်ယွီကိုစပြီးပြောလိုက်ရင် သူ့အမူအရာဘယ်လိုဖြစ်သွားမလဲဆိုတာ သိချင်၍ပြောလိုက်တာဖြစ်သော်လည်း သူ့မျက်နှာပေါ်မှာ နားမလည်တဲ့အကြည့်တွေသာရှိနေ၏။

နောက်ဆုံးတော့ ချောင်ယွီသဘောပေါက်သွားပြီး သူ့မျက်လုံးတွေဟာသိရှိနားလည်သွားသည့်အကြည့်တို့လွှမ်းသွားပြီး သူ့မျက်နှာဟာလည်း တစ်မဟုတ်ချင်းနီရဲလာတော့သည်။ သူ့ခေါင်းကိုကာဖို့အတွက် စောင်ကိုဆွဲခြုံလိုက်သည်။ စောင်တွေကြားထဲမှာ ပလုံးပထွေးအသံဟာထွက်ပေါ်လာ၏။ "မင်းက အရမ်းအရှက်မရှိတာပဲ"

"မင်းအရှေ့မှာပဲ အရှက်မရှိတာပါ။ ဘယ်လိုအရှက်တရားတွေများရှိရဦးမှာလဲ?" ဖုန်းရှို့ပြော၏။

ချောင်ယွီစောင်ထဲမှာပုန်းနေပြီး တစ်ကိုယ်လုံးလှိမ့်နေ၏။ မသိလျှင် သူ့ဘေးမှာလူအကောင်လိုက်ပြီးမတ်တတ်လာရပ်နေသလိုပင်။ သူ ကြောက်လန့်သွားရပြီး စကားအနည်းငယ်ထုတ်ပြောလာတေ့သည်။ "မဟုတ်ဘူး, မင်းလုပ်ရဲရင်! ငါ......ငါ မင်းဟာကိုဖြတ်ပြစ်မယ်"

"ဝိုး..မိုက်လိုက်တာ, မင်းနာမှာမကြောက်ဘူးပေါ့" ဖုန်းရှို့ရယ်၏။ "မင်းဟာကို ငါဖြတ်လိုက်မှာကိုရောမစိုးရိမ်ဘူးလား?"

"မင်း!" ချောင်ယွီစောင်ကိုကန်ထုတ်လိုက်ပြီး သူ့ရင်ဘတ်သူထုလိုက်တယ်။

သူတို့မှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက်ဘဝရဲ့ အမြစ်တွေကိုကိုင်ဆောင်ထားကြတယ်။ (T/n - ပဲမြစ်တွေလား? အရမ်းရေးချင်လာလို့ ဆောတီး ဆောတီး)

ချောင်ယွီကအမြဲတမ်းအားနည်းတဲ့နေရာမှာသာဖြစ်သည်။ သူချက်ချင်း စောင်တွေထဲပြန်ဝင်ပြီး စတင်ငိုကြွေးလေတော့သည်။

ချစ်စရာအကောင်းဆုံးသောအရပ်ကွာခြားမှု (ဘာသာပြန်) ✔️Where stories live. Discover now