3K 653 96
[Zawgyi]
အပိုင်း{၇}
နေထိုင်မှုစည်းမျဉ်းစည်းကမ်းတွေကို လေ့လာရတာဟာ အရမ်းကို ပျင်းစရာကောင်းလှတယ်။ ပစ္စည်းတွေကို ဘယ်လိုနေရာချသင့်တယ်၊ ဘယ်နေရာမှာ သိမ်းသင့်တယ်၊ ဘယ်အချိန်မှာတော့ အနားယူရမယ်၊ ပြီးတော့ဘယ်စည်းကမ်းတွေကိုတော့ ဘယ်လိုလိုက်နာဖို့လိုတယ် ဆိုတဲ့ အချက်တွေကိုပဲ လိုက်မှတ်နေရတာလေ။
ပိုင်ရှင်းယွီကတော့ အိပ်ချင်နေမိသလို ဗိုက်တွေလည်း ဆာလှပြီ။ သမ်းလိုက်မိတဲ့ အချိန်တိုင်းမှာလည်း အသံမထွက်မိအောင် ထိန်းရသေး...။ သူ့မှာ အသံတစ်ချက်တောင် မထွက်ရဲ။ မနက်စာလေး မြန်မြန်ရောက်လာပါစေ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ နံရံပေါ်က နာရီကြီးကို ခိုးကြည့်ရတာလည်း ခဏခဏ...။
တစ်နာရီကျော်လောက် ကြာတော့မှ ချန်ကျင်းက အချိန်ကို တစ်ချက်ကြည့်လိုက်ရင်း ပြောတယ်။
"အခု ခုနှစ်နာရီတောင် ခွဲနေပြီပဲ...အခု မင်းတို့ကို မနက်စာစားဖို့ ခေါ်သွားပေးမယ်...စားပြီး ပြန်လာတော့မှ မင်းတို့ကို စောင်ဘယ်လိုခေါက်ရမလဲဆိုတာ သင်ပေးမယ်...သွားကြရအောင်"
စားရတော့မယ် ဆိုတဲ့ အသံကိုလည်း ကြားရော, ပိုင်ရှင်းယွီမှာ မျက်ရည်ကျလုမတတ် အရမ်းပျော်သွားမိကာ ထိပ်ဆုံးကနေ တစ်ဟုန်ထိုး ပြေးထွက်လာလိုက်တယ်။
အဲ့အချိန်မှာပဲ ချန်ကျင်းက ထအော်ပြောတယ်။
"ပြန်လာစမ်း!"
အော်သံကြောင့် ပိုင်ရှင်းယွီမှာ တောင့်ခနဲ တန့်သွားကာ မူလနေရာကို ပြန်လာလိုက်တယ်။
"အားလုံး တန်းစီ! သက်သာ...သတိ"
ချန်းကျင်းက ပိုင်ရှင်းယွီကို လက်ညိုးတစ်ချက်ထိုးကာ ထပ်မလုပ်ဖို့ သတိပေးလိုက်တယ်။ နောက်တော့ သူက အဖွဲ့သားအယောက်နှစ်ဆယ် ရှေ့က နေလျက် ဦးဆောင်ကာ ထွက်လာခဲ့တယ်။
သူတို့ ကန်တင်းကို ရောက်တဲ့အခါ... အခြားတပ်သားတွေကပါ တစ်ဖွဲ့ပြီး တစ်ဖွဲ့၊ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတယ်။ ဒီစခန်းမှာ လူ အယောက်နှစ်ရာကျော်လောက်ရှိပြီး ကန်တင်းကြီးဟာလည်း တကယ့်ကို အကျယ်ကြီးပဲဖြစ်တယ်။ ပိုင်ရှင်းယွီ ဒီလို ခပ်လှမ်းလှမ်းကနေတောင် ကန်တင်းဘက်က လွှင့်ထွက်လာတဲ့ အရသာရှိတဲ့ အနံ့မျိုးစုံကို ခံစားမိနေပြီဖြစ်တယ်...။
My Little Poplar - 小白杨 (Myanmar Translation)Where stories live. Discover now