4.8K 725 81
[Zawgyi]
အပိုင်း{၇}
အဲ့ဒါနဲ့ ပိုင်ရှင်းယွီ ခေါင်းငိုက်စိုက်လျက် ကန်တင်းထဲက အမြန် ထွက်လာလိုက်ကာ အ​ဆောင်ကို ပြန် ပြေးလာခဲ့တယ်။
သူ့အဝတ်အစားတွေဟာ အခုထိ ရွှဲရွှဲစို​နေဆဲ...။
သူ့ဝမ်းဗိုက်ပတ်ဝန်းကျင် တခွင်လုံးလည်း စိုရွှဲ​နေကာ ဖိတ်စင်ထားတဲ့ ဆန်ပြုတ်ရည်​တွေ​ကြောင့် ပူ​​နွေး​နေ​လေရဲ့။ လမ်းတ​လျှောက် သူ့မျက်နှာ​ပေါ်က မျက်ရည်​တွေကို သုတ်​နေရင်း မ​ကျေနပ်ချက်​တွေ​ကြောင့် သူ့ရင်ထဲ တကျစ်ကျစ် နာကျင်လာတယ်။
အ​ဆောင်ကို ပြန်​ရောက်​တော့ ပိုင်ရှင်းယွီလည်း အဝတ်အစားအသစ် တစ်စုံကို ယူကာ ဘုံသုံး​ရေချိုးခန်းဆီ ထွက်လာခဲ့တယ်။ ပထမဆုံး သူ့ကိုယ်​ပေါ်က ညစ်​ပေနေတဲ့ အဝတ်​တွေကို ချွတ်လိုက်တယ်။ နောက်​တော့ သူ့ရဲ့ ဗိုက်နဲ့ ပေါင်​တွေကို အဝတ်စို​လေးတစ်ခုနဲ့ သုတ်​နေလိုက်တယ်။ အဲ့လို သူ သုတ်​နေတုန်းမှာပဲ ရေချိုးခန်းတံခါးကို တစ်​စုံတစ်ယောက်က တွန်းဖွင့်လိုက်တယ်။
အဲ့ဒါနဲ့ ပိုင်ရှင်းယွီလည်း လှည့်ကြည့်လိုက်တယ်။ ယွီဖုန်းချန်းက သူ့ဘောင်းဘီအိတ်ကပ်​ထဲ လက်ထည့်လျက် တံခါးနားမှာ ရပ်​နေ​လေရဲ့။ နောက်​တော့ သူက တံခါး​ပေါ် ကျောမှီလိုက်ရင်း ပိုင်ရှင်းယွီကို မျက်​တောင်မခတ်တမ်း စိုက်ကြည့်​နေတယ်။
ပိုင်ရှင်းယွီ ချက်ချင်း သူ့ရင်ဘတ်ကို သူ ဖက်,ကာလိုက်မိတယ်။ သူ့ကိုယ်​ပေါ်မှာ မချွတ်ဘဲ ကျန်ခဲ့တဲ့အဝတ်ဆိုလို့ သနားစရာ အတွင်းခံ​ဘောင်းဘီ​လေးတစ်စုံသာ ရှိ​တော့တာ​လေ။ ဒါ​လောက်လေးနဲ့ ဘယ်လိုလုပ် လုံပါ့မလဲ? အဲ့အထင်​သေးတဲ့ အကြည့်​တွေ​ကြောင့် ပိုင်ရှင်းယွီ တစ်ကိုယ်လုံး အေးခဲသွားတယ်။ နောက်​တော့ သူ တုန်ရီစွာ ပြောလိုက်တယ်။
"မ-မင်း ဘာလုပ်ချင်လို့လဲ?
အခုဆို ယွီဖုန်းချန်းကို မြင်လိုက်တိုင်း ပိုင်ရှင်းယွီမှာ အလိုလိုကို ဒေါသအရမ်းထွက်လာတယ်။ အရင်ထဲက ဖြစ်တည်ခဲ့တဲ့ မ​ကျေနပ်စိတ်​တွေကြား မလိုမုန်းတီးမှု​တွေပါ တိုးပွားလာတယ်။
My Little Poplar - 小白杨 (Myanmar Translation)Where stories live. Discover now